နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘောဒီးယားနှင့်လာအို စာချုပ် ခုနစ်ခု ချုပ်ဆို

ဗီယင်ကျင်း၊ မတ် ၂၇

လာအိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာဆွန်ဆိုင်း ဆီပန်ဒန်ထံ ကမ္ဘောဒီးယားနိုင်ငံ ၀န်ကြီးချုပ် ဟွန်မာနက်က မတ် ၂၆ ရက်တွင် သွားရောက်တွေ့ဆုံပြီး စာချွန်လွှာခုနစ်စောင်ကို လက်မှတ် ရေးထိုးလိုက်ကြောင်း သိရသည်။

လက်ရှိခရီးစဉ်သည် လာအိုနှင့် ကမ္ဘောဒီးယား၏ ဘက်စုံနှင့်ရေရှည် တည်တံ့သော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အခြေခံ၍ ချစ် ကြည်ရင်းနှီးမှုနှင့်ပူးပေါင်း ဆောင်ရွက်မှု ပိုမိုခိုင်မာစေရန်ရည်ရွယ်ကြောင်း လာအို ဝန်ကြီးချုပ်က ပြောသည်။

စာချွန်လွှာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကဏ္ဍများ အတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် ရေး ပူးတွဲကော်မတီ(၁၅) ကြိမ်မြောက် အစည်းအဝေး ကျင်းပရေး၊ JTC ကုန်သွယ်မှု ကော်မတီ ပြန်လည်စတင် ရေး၊ စီးပွားရေး ပေါင်းစည်းမှုချဲ့ထွင် ရေး၊ကမ္ဘောဒီးယား-လာအို၏ဘဏ္ဍာ ရေးဝန်ဆောင်မှု၊ ကုန်းလမ်းကုန်စည် ပို့ဆောင်ရေး၊ ကမ္ဘောဒီးယား-လာအို တိုက်ရိုက်လေကြောင်း ခရီးစဉ်များ တိုးမြှင့်ရေးတို့ ပါဝင်သည်။

ထို့ပြင် နှစ်နိုင်ငံအကြား လူကုန်ကူး ခြင်းနှင့်မူးယစ်ဆေးဝါးရောင်းဝယ်ဖောက် ကားမှုကဲ့သို့သော နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုတိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေး ထားကြောင်း သိရသည်။   





(ref:CNA)






အခြားဆက်စပ်သတင်းများ