နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကင်းမြို့နယ် သန့်ရှင်းသာယာလှပရေး

မတ် ၂၅ ရက်က မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးကြီးကြပ်၍ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးနှင့်ဌာနများက တွဲဖက်ဝန်ထမ်းများပူးပေါင်း အင်အား ၂၃ ဦးဖြင့်  အမှတ်(၆)ရပ်ကွက်၊ ရန်ရှင်းလမ်း၊စက်မှု(၁)ကားမှတ်တိုင်ဘေး ရေမြောင်းရေစီးရေလာကောင်းမွန်စေရေး အမှိုက်နှင့်မြောင်းချေးများ  ဆယ်ယူရှင်းလင်းခြင်း၊ အမှတ်(၇)ရပ်ကွက်၊ ဆည်မြောင်းလမ်း၊ ဂျိုးဖြူပိုက်လုံးဘေးရှိမြက်ပင်များ ရှင်း လင်းခြင်း၊အမှတ် (၁၄)ရပ်ကွက်၊ ဇမ္ဗူရာဇ်လမ်းဘေးရှိ စည်းကမ်းမဲ့ စွန့်ပစ်အမှိုက်များသိမ်းဆည်းခြင်း၊ သစ်ရွက်ခြောက်ကြွေများ၊ သဲ၊ ခဲများလှည်းကျင်းရှင်းလင်းခြင်း၊ ထွက်ရှိအမှိုက်နှင့်မြောင်းချေး များကို ယာဉ်နှစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်း၊ စက်မှု(၁)လမ်း ရန်ကင်းစင်တာဘေး၊ဗဟိုဘဏ် အနီးနှင့် Sedona Hotel အနောက် ဖက်၊ကမ္ဘာအေးဘုရားလမ်း၊ ပါရမီလမ်းတို့တွင်လမ်းဘေးစျေးသည် မရှိစေရေး၊ ရန်ငြိမ်းလမ်းတွင်စျေးသည်များလမ်းသား ပိတ်ဆို့ရောင်း ချမှုမရှိစေရေး၊ အနှေးယာဉ်များစနစ်တကျရပ်နား/သွားလာစေရေး စည်းကမ်းထိန်းသိမ်းခြင်း၊အမှတ်(၈) ရပ်ကွက်၊ သီရိလမ်းဘေးရှိ သစ်ပင် များနှင့်ဓာတ်တိုင်များတွင်စည်းကမ်းမဲ့ကြော်ငြာများ ဖယ်ရှားရှင်းလင်း ခြင်း၊ မီးပွိုင့်များတွင်တောင်းရမ်းစားသောက်သူများနှင့်စျေးသည်များမရှိစေရေး စည်းကမ်းထိန်းသိမ်းရှင်းလင်းခြင်းတို့ ဆောင်ရွက်ကြစဉ်။






ယဉ်မွန်






အခြားဆက်စပ်သတင်းများ