နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
"Common Bluebottle" လိပ်ပြာပုံ (၂၀၀)ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ် ထုတ်ဝေမည်

ရန်ကုန် မတ် ၂၆

မြန်မာ့စာတိုက်လုပ်ငန်းမှ မြန်မာနိုင်ငံ၌ တွေ့ရှိသော လိပ်ပြာမျိုး စိတ်အဖြစ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ မှတ်တမ်းတင် သဘောထားမှတ်ချက်ပြုထားသည့် "Common Bluebottle" လိပ်ပြာပုံ (၂၀၀) ကျပ်တန် စာပို့တံဆိပ် ခေါင်းသစ်ကို ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ စာပို့တံဆိပ်ခေါင်းအသစ်ကို ၂၀၂၄ ခုနှစ် မတ် ၂၇  ရက် နံနက် ၉ နာရီခွဲကစ၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန် စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီး၊ တိုင်းဒေသကြီးနှင့်ပြည်နယ် များရှိ စာတိုက်များတွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက် ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတွင် ဝယ်ယူသူ များကို စာပို့တံဆိပ်ခေါင်းများအပေါ်မှ နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။






(008)






အခြားဆက်စပ်သတင်းများ