နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပုဇွန်တောင်မြို့နယ် သန့်ရှင်းသာယာလှပစေရေး

မတ် ၂၅ ရက် နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ကြီးကြပ်၍ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးနှင့်ဌာန များမှ တွဲဖက်ဝန်ထမ်းများ ပူးပေါင်းအင်အား ၃၈ ဦးဖြင့် အမှတ်(၁) ရပ်ကွက်၊ ဗိုလ်မြတ်ထွန်းလမ်း ရေမြောင်းရေစီးရေလာကောင်း မွန်စေရေးမြောင်းအတွင်းရှိ အမှိုက်နှင့်မြောင်းချေးများဆယ်ယူရှင်းလင်းခြင်း၊ အမှတ်(၁၀) ရပ်ကွက်အတွင်းရှိ လမ်းများတွင် စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များ သိမ်းဆည်းခြင်း၊သစ်ရွက်ခြောက် ကြွေများ၊ သဲခဲများလှည်းကျင်းရှင်းလင်း၍ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ထွက်ရှိအမှိုက်၊ သစ်ကိုင်းသစ်ခက်များနှင့် မြောင်းချေးများကို ယာဉ်တစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်း၊ မြို့နယ်အတွင်း ရှိ အဓိကလမ်းမကြီးများ၊ လမ်းဆုံမီးပွိုင့်များနှင့် ဘတ်စ်ကား မှတ်တိုင်များတွင် လမ်းဘေးစျေးသည်၊ လက်ပွေ့စျေးသည်နှင့် တောင်းရမ်းစားသောက်သူမရှိစေရေး လှည့်ရှင်းစနစ်ဖြင့်စည်း ကမ်းထိန်းသိမ်းခြင်း၊ ကွက်သစ်လမ်း၊ အိမ်ကြီးလမ်း၊  ဆပ်သွားဖူး လမ်းတို့တွင်  လမ်းပိတ်ဆို့စျေးရောင်းချမှု မရှိစေရေး လှည့်ရှင်းစနစ် ဖြင့် စည်းကမ်းထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်ကြစဉ်။ 





ယဉ်မွန်






အခြားဆက်စပ်သတင်းများ