နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် သန့်ရှင်းသာယာလှပရေး

မတ် ၂၃ ရက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်မြို့နယ်စည် ပင်သာယာအုပ်ချုပ်ရေးမှူးတို့ ကြီးကြပ်၍ ဌာနဆိုင်ရာများ၊  လူမှုအဖွဲ့အစည်းများ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းအင်အား ၇၀ ဦးဖြင့် ပြည်ထောင်စုလမ်းတစ်လျှောက် စနေအထူးစုပေါင်း လုပ်အားပေးဆောင်ရွက်ကြရာ လမ်းတစ်လျှောက်မြက်ပင်ချုံနွယ် များ ခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ပင်အောက်တက်များ ရှင်းလင်း ခြင်း၊ စွန့်ပစ်အမှိုက်များသိမ်းဆည်းခြင်း၊ သစ်ရွက်ခြောက်ကြွေ များ၊ သဲခဲများလှည်းကျင်းရှင်းလင်း၍ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ပြည်ထောင်စုမြောင်းအတွင်းရှိ အမှိုက်၊ဒိုက်၊ဗေဒါနှင့်နုန်းများ ဆယ်ယူရှင်းလင်းခြင်း၊ ထွက်ရှိ အမှိုက်များကို ယာဉ်နှစ်စီးဖြင့် သိမ်းဆည်းသယ်ယူ စွန့်ပစ်ခြင်းတို့ စုပေါင်းလုပ်အားပေး ဆောင်ရွက်ကြစဉ်။                           





ယဉ်မွန်






အခြားဆက်စပ်သတင်းများ