နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကွမ်းခြံကုန်းမြို့နယ် ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ကွမ်းခြံကုန်း မတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ကွမ်းခြံကုန်း  မြို့နယ်၊ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း တွင်   ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှကြီး မှူးဖွင့်လှစ်သည့် ကင်းထောက် လူငယ်သင်တန်းဖွင့်ပွဲအခမ်း အနားကို ယမန်နေ့ နံနက် က အ.ထ.က (၁) သီရိရတနာ ကျောင်းခန်းမ၌ ကျင်းပသည်။              

အဆိုပါ သင်တန်းဖွင့်ပွဲတွင် ကင်းထောက် လူငယ်များက ပြည်သူ့အတွက်အဆင်သင့် တေးသီချင်းဖြင့် သီဆိုဖွင့်လှစ် ပြီး တွံတေးခရိုင် လူငယ်ရေး ရာကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထင်ကျော်က အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ 

ဆက်လက်၍ ကင်း ထောက် သင်တန်းနည်းပြ    ဦးစိုးမိုးနိုင်က ကင်ထောက်သင် တန်းနှင့် ပတ်သက်၍လုပ်ငန်း စဉ်များအား ရှင်းလင်းတင်ပြ ကာ ပရိုဂျက်တာဖြင့် ကင်း ထောက်လှုပ်ရှားမှုမှတ်တမ်း ဓာတ်ပုံများအား ပြသခဲ့သည် ။

အဆိုပါ ဖွင့်ပွဲအခမ်းအနား သို့ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထင်ကျော်နှင့် အဖွဲ့ဝင်များ၊ ကွမ်းခြံကုန်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်ထွန်းနှင့်အဖွဲ့ဝင်  များ၊ ခရိုင်၊ မြို့နယ် ပညာရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တက်ရောက်ခဲ့ကြပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ ကြောင်းသိရသည်။ 

အဆိုပါ သင်တန်းဖွင့်ပွဲတွင် ကင်းထောက်လူငယ်သင်တန်း သား၊ သင်တန်းသူကွမ်းခြံကုန်း မြို့နယ်မှ ၃၀ ဦး၊ ကော့မှူး မြို့နယ်မှ ၁၀ ဦး၊ စုစုပေါင်း ၄၀ ဦး တက်ရောက်ပြီး သင် တန်းအား မတ် ၂၅ ရက် မှ ၂၉ ရက်အထိ  ဖွင့်လှစ်သွားမည်ဖြစ် သည်။          






ဆွေနွယ်

(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ