နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပဲရစ်မြို့တွင် ကော်ဖီဆိုင်စားပွဲထိုးများ စွမ်းရည်ပြိုင်ပွဲကျင်းပ

ပဲရစ်၊မတ် ၂၆

ပြင်သစ်နိုင်ငံ မြို့တော်ပဲရစ်တွင် ၁၃ နှစ်ကြာရပ်နားထားသော သမိုင်း ဝင် ကော်ဖီဆိုင်စားပွဲထိုးများ စွမ်းရည် ပြိုင်ပွဲကို မတ် ၂၅ ရက်က ပြန်လည် ကျင်းပလျက်ရှိကြောင်း သိရသည်။

စားပွဲထိုးများသည် ပဲရစ်လမ်းမ တစ်လျှောက် ကော်ဖီဗန်းများသယ်ကာ လျှောက်လှမ်းလာကြပြီး မြို့အနှံ့ ကော်ဖီဆိုင်များမှ စားပွဲထိုး အယောက် ၂၀၀ ခန့်က ၁ ဒသမ ၂ မိုင်ရှည်သည့် လမ်းကြောင်းတစ်လျှောက် ခွာဆွန့်မုန့်၊ ကော်ဖီတစ်ခွက်နှင့်ရေတစ်ခွက်ကို ဗန်းထဲထည့်သယ်ပြီး ပြိုင်ပွဲကို ပါဝင် ဆင်နွှဲကြခြင်း ဖြစ်သည်။

ယင်းသို့ သယ်ဆောင်ရာတွင် မပြေးရ၊ ရေမဖိတ်ရ၊ လက်တစ်ဖက် တည်းနှင့်သာ ဗန်းကိုကိုင်ရမည် စသည့် စည်းမျဉ်းအချို့ကို ချမှတ်ထား ပြီး ယခုနှစ်ဆုရသူများကို ပဲရစ် အိုလံပစ်ဖွင့်ပွဲအခမ်းအနား ဝင်ခွင့် လက်မှတ်များနှင့်စားကောင်းသောက် ဖွယ်စားသောက်ခွင့် လက်မှတ်များ ချီးမြှင့်မည်ဟု သိရသည်။

ယခုပြိုင်ပွဲကို ၁၉၁၄ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ပွဲစီစဉ်သူများက ရန်ပုံငွေမရှာနိုင်ခြင်းကြောင့် ၂၀၁၁ ခုနှစ်တွင် ပွဲကျင်းပခြင်းများကိုရပ်နား ခဲ့ရကာ လက်ရှိတွင် ပဲရစ်မြို့တော် ခန်းမနှင့်ရေအရင်းအမြစ် အာဏာပိုင် အဖွဲ့က ယူရိုငွေတစ်သိန်း ငွေကြေးပံ့ပိုး မှုကြောင့် ပြိုင်ပွဲပြန်လည်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။          






(ref:AP)






အခြားဆက်စပ်သတင်းများ