နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပိုလန်မြောက်ပိုင်းတွင် နွေဦးရာသီအား ကြိုဆို

ဝါဆော၊မတ် ၂၆

ပိုလန်မြောက်ပိုင်း ဆိုပေါ့မြို့ရှိ ဂရော့ဇစ္စကို လေဟာပြင် ရှေးဟောင်း သုတေသနပြတိုက်တွင် ရာသီအကူး အပြောင်း အထိမ်းအမှတ်အဖြစ် ဆောင်းရာသီနတ်ဘုရားမ မာဇန်နာ ရုပ်တုကို မီးရှို့ပြီး နွေဦးရာသီကိုကြိုဆို လျက်ရှိသည်။

မိစ္ဆာဒိဋ္ဌိနတ်သမီး ကောက်ရိုးရုပ်ကို မီးတင်ရှို့ခြင်းသည်  ပိုလန်နိုင်ငံ၏ ရှေးအကျဆုံး ရိုးရာဓလေ့တစ်ခုဖြစ်ပြီး ယင်းသို့မီးရှို့ခြင်းသည် အလယ်ခေတ် ကာလက ဆောင်းရာသီအတွင်း ငတ် မွတ်ခေါင်းပါးမှုနှင့်သေဆုံးမှုနှုန်း မြင့် မားခြင်းကြောင့် ကြောက်ရွံ့မှုလျော့ ပါးစေရန် သင်္ကေတသဘောအရဆောင် ရွက်ခြင်းဖြစ်သည်ဟု ဆိုသည်။ 

ထို့ပြင် ကလေးများအတွက် ကိုယ်ပိုင်မာဇန်နာ အရုပ်လေးများ ဖန်တီးနိုင်စေမည့် အလုပ်ရုံတစ်ခု ကိုလည်း တည်ထောင်ထားပြီးကလေး များကိုယ်တိုင်ပြုလုပ်သည့် မာဇန်နာ အရုပ်များကိုလည်း မီးပုံပေါ်ပစ်ထည့် ပေးခဲ့ကြောင်း သိရသည်။

ဆောင်းလယ်နှင့် နွေလယ်ကြား ကာလတွင် နေ့တာညတာ ညီမျှသည့် အချိန်ဖြစ်သော နွေဦးကာလကို ကြုံ တွေ့ရပြီး ယခုနှစ်အတွင်း မြောက်ကမ္ဘာ ခြမ်းတွင် မတ် ၂၀ ရက်ကစ၍ကျရောက် နေပြီဖြစ်ကြောင်း သိရသည်။





(ref:BBC)






အခြားဆက်စပ်သတင်းများ