နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြု ခရိုင်ချင်းဆက် အမှတ်(၁)လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပ

ရန်ကုန်၊ မတ် ၂၆

(၇၉)နှစ်မြောက် တပ်မတော် နေ့ကို ကြိုဆိုဂုဏ်ပြုသောအား ဖြင့် တိုက်ကြီးမြို့နယ် ခရိုင်ချင်း ဆက်အမှတ် (၁) လမ်း ကွန်ကရစ် လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ လမ်းတွင် ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး ဌာနဆိုင် ရာ တာဝန်ရှိသူများနှင့် ဖိတ် ကြားထားသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်း ဒေသကြီး လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးထင်ကျော်က ၂၀၂၃ - ၂၀၂၄ ခုနှစ် တိုင်းဒေသကြီး ရန်ပုံငွေ ဖြင့် ဆောင်ရွက်ခဲ့သည့် ခရိုင် ချင်းဆက်လမ်း အမှတ် (၁) အရှည် ၃ မိုင် ၃ ဖာလုံ၊ အကျယ် ၁၆ ပေ ရှိ ကွန်ကရစ်လမ်းကို တိုက်ကြီးမြို့ နယ် လမ်းပိုင်းတွင် အကောင်အထည်ဖော် ဆောင် ရွက်ခဲ့ရာ တိုက်ကြီးမြို့မှတိုက် ကြီးမွေးမြူရေးဇုန်သို့ သွား ရောက်သည့် လမ်းပိုင်းဖြစ်ပြီး တိုက်ကြီးမွေးမြူရေးဇုန်မှ ထွက် ရှိသော စားသောက်ကုန်များ ကို တိုက်ကြီးမြို့မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့ နယ်များသို့ လွယ်ကူစွာသယ်ယူ ပို့ဆောင် ဖြန့်ဖြူးပေးနိုင်မည် ဖြစ်ကြောင်းနှင့် စီမံကိန်းကိစ္စ ရပ်များကို ရှင်းလင်းတင်ပြ သည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ် က ဒေသခံတောင်သူများနှင့် တွေ့ဆုံပြီး မြို့ပြနှင့် ကျေးလက်  

ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုး ရေးကို မျှော်မှန်း၍ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ထိထိရောက် ရောက် ဆောင်ရွက်ပေးနေမှုအခြေအနေများကို ပြောကြားပြီး ကွန်ကရစ်လမ်း ဆောင်ရွက်ထားရှိမှုကို ဖြတ်သန်းကြည့်ရှုစစ်ဆေး ကာ ဒေသခံတောင်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။

ထို့နောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင် နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုး၊ ညွှန်ကြား ရေးမှူး ဦးထင်ကျော်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ခရိုင်ချင်း ဆက်အမှတ် (၁) လမ်း ကွန်ကရစ်လမ်းသစ်ကို ဖွင့်လှစ်ပေးကြ သည်။

ထို့နောက်  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုက်ကြီး မွေးမြူရေးဇုန်အတွင်း ပတ်လမ်းများ ဖောက်လုပ်ပြီးစီးမှု၊ ဆက်လက် ၍ လမ်းခင်းရန် ပြင်ဆင်ဆောင်ရွက်နေမှု၊ ရေရရှိရေး လျှိုပိတ်တမံ ဆောင်ရွက်နေမှု၊ လျှပ်စစ်ဓာတ်တိုင်များစိုက်ထူ၍ လျှပ်စစ်မီးရရှိ ရေး သွယ်တန်းမည့်အခြေအနေများ၊ ၁ မိုင် ၄ ဖာလုံအရှည် ခရိုင်ချင်း ဆက်လမ်းကို အောက်ခံ ၁၈ ပေ အကျယ်၊ ၆ လက်မထု ကျောက် လွှာခင်းပြီး အပေါ်တွင် ၁၆ ပေအကျယ်၊ ၉ လက်မထု ဘေးနှစ် ဘက်တွင် ၃ ပေအကျယ် လမ်းပခုံးပါ ကွန်ကရစ်ခင်းရန် ဆောင်ရွက် နေသည့်လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။






ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ