နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပါကစ္စတန်စတော့ဈေးကွက် အဆောက်အအုံကို သေနတ်သမား ၄ ဦး ဝင်ရောက်တိုက်ခိုက်

ဇွန် ၃၀  အစ္စလာမ်မာဘတ်


ကရာချိမြို့ရှိ ပါကစ္စတန် စတော့ဈေးကွက်ကို သေနတ်သမား ၄ ဦးက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် အစောင့် ၂ ဦးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီး အခြားသူ ၇ ဦး ဒဏ်ရာရခဲ့သည်။ သေနတ်သမားများက အဆောက်အအုံ၏ ပင်မဝင်ပေါက်ကို ဗုံးခွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ သို့သော် သေနတ်သမားများက စတော့ရှယ်ယာ အရောင်းအဝယ်လုပ်သည့်နေရာကို မဝင်ရောက်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်သမားများ၏ တိုက်ခိုက်မှုကို တွန်းလှန်တိုက်ဖျက်နေချိန်တွင် စတော့ရှယ်ယာဈေးကွက်၏ ဝန်ထမ်းများက သော့ပိတ်ထားသည့် အခန်းများအတွင်း ပုန်းအောင်း နေခဲ့ကြသည်။


အဆိုပါတိုက်ခိုက်မှုမှာ ယင်းတို့၏လက်ချက်ဖြစ်သည်ဟု ဘာလော့ချ်လွတ်မြောက်ရေးတပ်ဖွဲ့၏ လက်နက်ကိုင်များက ပြောသည်။ ဘာလော့ချ်လက်နက်ကိုင်အဖွဲ့များက သီးခြားခွဲထွက်ခွင့်ရပြီး ဘာလော့ချီစတန်ပြည်နယ်၏ သယံဇာတခွဲဝေမှု ပိုရရန်အတွက် အချိန်အတော်ကြာကတည်းက ပုန်ကန်တိုက်ခိုက်ခဲ့သည်။ အဆိုပါဖြစ်ရပ်မှာ သေနတ်သမားများက လက်နက်များသာမက အစားအစာများပါ ယူဆောင်လာခဲ့ခြင်းကြောင့် စတော့ဈေးကွက် အဆောက်အအုံကို စီးနင်းတိုက်ခိုက်ရန် ပြင်ဆင်ခဲ့သည်ဟု ယူဆနိုင်စရာရှိသည်။ လုံခြုံရေးတပ်ဖွဲ့များက သေနတ်သမားများကို အသေဖမ်းဆီးနိုင်ခဲ့သည်။             

 (KNT)






အခြားဆက်စပ်သတင်းများ