နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စင်ကာပူက ဂါဇာသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီ ပထမအသုတ် ကြဲချ

စင်ကာပူ၊ မတ် ၂၅

စင်ကာပူသည် ဂါဇာသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီအဖြစ် မတ် ၂၄ ရက်က ပထမအကြိမ် ရိက္ခာများ ကြဲချပေးလိုက်ကြောင်း သိရသည်။

ယင်းသို့ကူညီရာ၌ C – 130 အမည်ရှိ သယ်ယူပို့ဆောင်ရေးလေယာဉ်အသုံး ပြုကာ လေကြောင်းမှတစ်ဆင့်အစား အစာနှင့်အခြားလိုအပ်သော ပစ္စည်း များပါဝင်သည့် သေတ္တာများအား လေထီးများဖြင့် သိမ်းပိုက်ခံနယ်မြေ အတွင်းသို့ချပေးခြင်း ဖြစ်ကြောင်းသိရ သည်။

ဂါဇာသို့ထောက်ပံ့ရေးပစ္စည်းများ တွင် အစားအစာထုပ်များ၊ ဆေးဝါး နှင့်အခြားလိုအပ်သောအသုံးအဆောင် ပစ္စည်းများပါဝင်သည်ဟု စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့်ကာကွယ် ရေးဝန်ကြီးဌာနတို့က ထုတ်ပြန်ကြေညာ သည်။

စင်ကာပူအနေဖြင့် ဂါဇာကမ်းမြောင် ဒေသသို့ အထောက်အကူပစ္စည်းများ အား ကုန်းလမ်းမှတစ်ဆင့်ပို့ဆောင် ရာ၌ အခက်အခဲများ ကြုံတွေ့ရသဖြင့် ကျန်နည်းလမ်းများဖြင့် ထောက်ပံ့ရေး ပစ္စည်းများပို့ဆောင်ပေးနေသည့် နိုင်ငံ များနှင့်လက်တွဲ ဆောင်ရွက်လျက်ရှိရာ ယခုထောက်ပံ့ရေးအစီအစဉ်အား ဂျော်ဒန်တော်ဝင်လေတပ်နှင့် ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရ သည်။






(ref: CNA)






အခြားဆက်စပ်သတင်းများ