နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံကို ရုရှားအလံအရောင်များဖြင့် မီးထွန်း

ဒူဘိုင်း၊ မတ် ၂၅

ရုရှားနိုင်ငံ ကရိုကပ်စ်မြို့တော် ခန်းမ ဂီတပွဲတိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် သေဆုံးသွားသူများအတွက် ဒူဘိုင်းရှိ ကမ္ဘာ့အမြင့်ဆုံး ဘာ့ဂျ်ခါလီဖာ မိုးမျှော် တိုက်အား ရုရှားနိုင်ငံအလံ အရောင်များ မီးထွန်းထားကြောင်း သိရသည်။

ထို့ပြင် "အာရပ်စော်ဘွားများ ပြည်ထောင်စုက ရုရှားကို ထောက်ခံ ပါသည်" ဟူသော ကမ္ပည်းစာတန်းကို ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံ၏ မျက်နှာစာတွင် အာရေဗီနှင့်အင်္ဂလိပ် နှစ်ဘာသာဖြင့် မီးထွန်းထားကာ ဒူဘိုင်း အာဏာပိုင်များနှင့်ဒူဘိုင်းနိုင်ငံ အမ်မာ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီတို့က ထိုသို့ ကမ္ပည်းထိုးထားခြင်းဖြစ်ကြောင်း သိရ သည်။

ခါလီဖာတက္ကသိုလ်၊ ADNOC ရေနံကုမ္ပဏီ၊ ပြပွဲများ တာဝန်ယူကျင်းပ ပေးသော ADNEC ကုမ္ပဏီနှင့်အခြား အဆောက်အအုံအချို့တွင်လည်း ရုရှား နိုင်ငံအလံအရောင်များဖြင့် မီးထွန်းထား ကြောင်း သတင်းများတွင် ဖော်ပြသည်။

မော်စကိုမြို့အနီး Krasnogorsk မြို့ရှိ ကရိုကပ်စ် မြို့တော်ခန်းမ ဂီတပွဲ တစ်ခုတွင် ယခုရက်ပိုင်းအတွင်းအကြမ်း ဖက်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကာ လက်ရှိအချိန်အထိ ‌သေဆုံးသူ ၁၃၃ ဦး ရှိနေပြီး ဆက်လက်တိုးလာနိုင်ကြောင်း ရုရှား စုံစမ်းစစ်ဆေးရေးကော်မတီက ဆိုသည်။

ယူအေအီးခေါင်းဆောင်နှင့်လူထု သည် နိုင်ငံတကာ ဥပဒေနှင့် ကိုက်ညီခြင်း မရှိသော အကြမ်းဖက်ဝါဒကို ဦးတည် သည့် လုပ်ရပ်များကို ဆန့်ကျင်ကြောင်း နှင့်ရုရှားအစိုးရနှင့်ရုရှား ပြည်သူများ ကို ထောက်ခံကြောင်း ပြသလိုသည့် အတွက် မီးထွန်းမှုများ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

 





(ref:Reuters)






အခြားဆက်စပ်သတင်းများ