နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သြစတြေးလျနှင့် ရေကြောင်းဆိုင်ရာ ဆွေးနွေးရန် တရုတ် စီစဉ်

ပေကျင်း၊ မတ် ၂၅ 

တောင်တရုတ်ပင်လယ်နှင့် နယ် နိမိတ်ချင်းထိစပ်နေသည့် နိုင်ငံများ အကြားတင်းမာမှုများမြင့် တက်လာ ပြီး ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက် လာသဖြင့် သြစတြေးလျနှင့်ရေကြောင်း ဆိုင်ရာ ဆွေးနွေးပွဲများ စတင်ရန် တရုတ် နိုင်ငံက စီစဉ်နေကြောင်း သိရသည်။

အရှေ့တောင်အာရှနိုင်ငံများနှင့် ပိုင်နက်အငြင်းပွားနေသည့်တောင် တရုတ်ပင်လယ်သည် တရုတ်၏ အရေး ပါသော စီးပွားရေးရေလမ်းကြောင်း ဖြစ်သကဲ့သို့ ယင်းကိစ္စ‌ကြောင့်ပင် ထိပ်တိုက်ရင်ဆိုင်မှုများ များပြားလာ ခြင်းကြောင့် ပင်လယ်ရေကြောင်း ဆိုင်ရာပြဿနာများသည် တရုတ်နှင့် သြစတြေးလျအတွက် အဓိက အကြောင်းအရာဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ မစ္စတာ Lin Jian က ပြောသည်။

လက်ရှိတွင် ဩစတြေးလျသို့ အလည်အပတ်ရောက်ရှိနေသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက သြစ‌တြေးလျကာကွယ်ရေး ဝန်ကြီးနှင့်တွေ့ဆုံကာ ဒေသတွင်းလုံခြုံ ရေးနှင့်ကုန်သွယ်ရေးဆိုင်ရာ သဘော ထားကွဲလွဲမှုများကို ဆွေးနွေးလျက် ရှိကြောင်း သိရသည်။

ယင်းဆွေးနွေးမှုတွင် သံတမန် ရေးရာများ၊ ကုန်သွယ်မှု၊ နည်းပညာ၊ ပညာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက်မည့် အခြားကဏ္ဍ များလည်း ပါဝင်ကြောင်း သိရသည်။






(ref: AP)






အခြားဆက်စပ်သတင်းများ