နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေစီးရေလာကောင်းမွန်စေရေးနှင့် အမှိုက်သိမ်းယာဉ်များ ကြံ့ခိုင်ရေး ဒုတိယမြို့တော်ဝန်ဦးညီညီ ကွင်းဆင်းစစ်ဆေး

ရန်ကုန်  မတ် ၂၅

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဒုတိယ ဥက္ကဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီသည်အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်တာဝန်ရှိသူများ လိုက်ပါလျက်ယနေ့နံနက်ပိုင်း က၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ် ၊ ညောင်ကျေးရွာ ဘုရင့် နောင်တံတားအောက် အုတ်ရေ မြောင်းတည်ဆောက်နေမှု၊အလုံ မြို့နယ်၊စောရန်ပိုင်အနောက် ရပ်ကွက်၊ အောက်ကြည့်မြင်တိုင် လမ်းနှင့်သစ်တောလမ်းထောင့် ရှိ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့်သန့်ရှင်းရေးဌာနမော် တော်ယာဉ်ဌာနခွဲဝင်းအတွင်း ယာဉ်ပြင် အလုပ်ရုံတည်ဆောက် နေမှု၊  အမှိုက်သိမ်းယာဉ်များ ကြံ့ခိုင်ရေး ဆောင်ရွက်နေမှုနှင့် သုံးဘီးဆိုင်ကယ်အမှိုက်သိမ်း ယာဉ်များ တပ်ဆင်နေမှုတို့ကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ 

ရှေးဦးစွာ ဒုတိယမြို့တော်ဝန် နှင့်အဖွဲ့သည် နံနက် ၇ နာရီခွဲတွင် လှိုင်သာယာ (အရှေ့ပိုင်း)မြို့ နယ်၊ ညောင်ကျေးရွာ ဘုရင့်နောင် တံတားအောက်သို့သွားရောက် ၍  အင်ဂျင်နီယာဌာန(ရေစီးရေ လာစီမံခန့်ခွဲမှု) က  ရန်ကုန်-ပုသိမ်ကားလမ်း ရေစုကန်ရေ မြောင်းနှင့် ညောင်ချောင်း ရေ ထိန်းတံခါးသို့ ဆက်သွယ်သည့် အရှည် ၃၉၀ပေ၊ အကျယ် ၈ပေ ရေမြောင်း တူးဖော်ခြင်းနှင့် ၅ပေ ပတ်လည် အုတ်ရေနုတ်မြောင်း တည်ဆောက်ခြင်းလုပ်ငန်းများ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အမြန်ပြီးစီး ရေးအတွက် ဆောင်ရွက်ရန် မှာ ကြားကာ လိုအပ်သည်များ ဖြည့် ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယ မြို့တော်ဝန်နှင့်အဖွဲ့သည်အလုံ မြို့နယ်၊ စောရန်ပိုင်အနောက် ရပ်ကွက် အောက်ကြည့်မြင်တိုင် လမ်းနှင့် သစ်တောလမ်းထောင့် ရှိ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့်သန့်ရှင်းရေးဌာန မော် တော်ယာဉ်ဌာနခွဲဝင်းသို့သွား ရောက်၍ ပေ ၈၀ ပတ်လည်၊ အမြင့် ၂၅ ပေရှိ ယာဉ်ပြင်အလုပ် ရုံတည်ဆောက်နေမှု၊ အမှိုက် သိမ်းယာဉ်များ ကြံ့ခိုင်ရေးဆောင် ရွက်နေမှု၊Telehandler ဝန်ချီ စက်ပြုပြင် ဆောင်ရွက်ထားရှိမှု၊ Air Quality Monitoring လေထု တိုင်းတာယာဉ် ပြုပြင်ဆောင် ရွက်ထားရှိမှုနှင့်သုံးဘီးဘေးတွဲ ဆိုင်ကယ်အမှိုက်သိမ်းယာဉ် များတပ်ဆင်နေမှုတို့ကို လိုက်လံ ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ ဖြည့်ဆည်း ဆောင် ရွက်ပေးသည်။

                   





သတင်း-မိုးဝေ

ဓာတ်ပုံ-ကျော်သူထက်






အခြားဆက်စပ်သတင်းများ