နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြု အမှတ် (၇)လမ်းမကြီး (မြို့ပတ်လမ်း) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပ

ရန်ကုန်  မတ် ၂၅

(၇၉) နှစ်မြောက် တပ်မတော် နေ့ကို ကြိုဆိုဂုဏ်ပြုသောအား ဖြင့် အမှတ်(၇) လမ်းမကြီး (မြို့ ပတ်လမ်း) ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဒဂုံမြို့သစ်(အရှေ့ ပိုင်း)မြို့နယ်ရှိ အဆိုပါလမ်း မုခ်ဦးတွင် ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်တိုင်း ဒေသကြီး လမ်းဦးစီးဌာန ညွှန် ကြားရေးမှူး(မြို့ပြ)က စီမံကိန်း နှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုး၊ ညွှန်ကြားရေး မှူး ဦးထင်ကျော်၊ခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန် ရှိသူများက ဖဲကြိုးဖြတ်၍ လမ်း ဖွင့်ပွဲအခမ်းအနားကို ဖွင့်လှစ် ပေးကြသည်။

၎င်းနောက် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း က ဒေသခံတောင်သူများနှင့် တွေ့ဆုံပြီး မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်း   စေရေးနှင့်စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးကိုမျှော်မှန်း၍ ကျေး လက်ဒေသများဖွံ့ဖြိုးတိုးတက် ရေးအတွက် အဓိကကျသည့် လမ်းပန်းဆက်သွယ်ရေးလုပ် ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်ပေးနေမှု အခြေ အနေများကို ပြောကြားပြီး ကွန်ကရစ်လမ်း ဆောင်ရွက် ထားရှိမှုကို ဖြတ်သန်းကြည့်ရှု စစ်ဆေးကြသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်း ဒေသကြီးအတွင်း တိုးတက် များပြားလာသည့်လူဦးရေနှင့် အညီ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက် သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေး တို့အတွက် တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ချင်းဆက်၊ ခရိုင်ချင်းဆက် လမ်းများကို အဆင့်မီ လမ်းမကြီးများအဖြစ် ပေါ်ပေါက်လာစေရေး၊အခြား သော တိုင်းဒေသကြီးများသို့ ဆက် သွယ်ထားသည့် လမ်း များကို ပိုမိုကောင်းမွန်စေရေး တို့အတွက် ကြိုးပမ်း ဆောင် ရွက်လျက်ရှိရာ အမှတ်(၇) လမ်းမကြီးသည် ယခင်ကလမ်း ဘေးပတ်ဝန်းကျင်ထက် နိမ့်ကျ ပြီး မိုးရာသီကာလရောက်တိုင်း ရေဝပ် ရေကျော်မှုကြောင့် ဆိုး ရွားစွာ လမ်းပျက်စီးခဲ့ရပြီး၂၀၂၀ ပြည့်နှစ်မှစတင်၍ အမှတ် (၇) လမ်းမကြီးကို လမ်းဘေးအမြင့် ဆုံးရေအမှတ် Maximum High Flood Level အထက် သုံးပေ အမြင့် ရရှိစေရန် မြေသားတာ ပေါင်  (၂၄) ပေအကျယ် တည် ဆောက်၍ (၄၈) ပေအကျယ် ကွန်ကရစ်လမ်းခင်းခြင်းလုပ် ငန်းများကို ဆောင်ရွက်ခဲ့ရာယခု အခါ အမှတ် (၇) လမ်းမကြီး(မြို့ ပတ်လမ်း)ကို (၄၈) ပေ အကျယ် ကွန်ကရစ်လမ်း (၇ မိုင် ၃ ဖာလုံ) တွင် အကျယ်  ၄၈ပေ ကွန်ကရစ်လမ်း နှစ်မိုင်  ဆောင် ရွက်ခဲ့ပြီးဖြစ်၍ ရန်ကုန်မြို့အဝင် လမ်းမကြီးများဖြစ်သောအမှတ် (၁)လမ်းမကြီး၊အမှတ် (၂)လမ်း မကြီး၊ အမှတ် (၃) လမ်းမကြီး၊ ရန်ကုန်-ပြည်လမ်း နှင့် ရန်ကုန်-မန္တလေး အမြန်လမ်းများကို ကန့်လန့်ဖြတ်ချိတ်ဆက်ထား သည့် အမှတ်(၇)လမ်းမကြီး မြို့ပတ်လမ်းသည်  ကွန်ကရစ် လမ်းအဖြစ် လမ်းအဆင့်မြှင့် တင်ခြင်းလုပ်ငန်းများအောင် မြင်စွာ ဆောင်ရွက်ပြီးစီးသွား၍ ဒေသတွင်း  ပြည်သူများခရီးသွား လာမှုနှင့်ကုန်စည် စီးဆင်းမှု များ ပိုမိုလျင်မြန်စွာ သွားလာ နိုင်မည်ဖြစ်သည်။

   





ဆန်းကျော်ဦး

(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ