နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး ၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း အပ်နှင်းပွဲကျင်းပ

ရန်ကုန်၊ မတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  ၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းအပ်နှင်း မဟာမင်္ဂလာအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁) နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပ သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ သာကေတမြို့နယ် တိပိဋကလင်္ကာရကျောင်းတိုက် ပဓာနနာယက ဆရာတော် ဒွိပိဋကဓရ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိ ကဓဇ ဘဒ္ဒန္တ အဂ္ဂသာမိ၊ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ အကျိုး တော်ဆောင်  ဗဟန်းမြို့နယ် ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်း တိုက် စာချနာယကဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ သုမင်္ဂလ၊ ဘွဲ့တံဆိပ်တော်ရ ဆရာတော်၊ သံဃာတော်များ၊ သီလရှင် ဆရာကြီးများ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၀င်များနှင့် ဇနီးများ၊ သာသနာပြုဘွဲ့ရ လူပုဂ္ဂိုလ်များ၊ သာသနာရေးနှင့် ယဉ်ကျေးမှု၀န်ကြီး ဌာနမှ တာ၀န်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

ရှေးဦးစွာ  နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်‌ပေးသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာ၀န်ကြီး ဦးဌေးအောင်က အခမ်းအနားဖွင့်စာတမ်းကို ဖတ်ကြားလျှောက် ထားကာ အခမ်းအနားဖွင့်လှစ်ပြီး ရန်ကုန်တိုင်းဒေသကြီး သံဃနာယက အဖွဲ့ဥက္ကဋ္ဌ  သာကေတမြို့နယ် တိပိဋကလင်္ကာရ စာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိထံမှ ဧည့်ပရိသတ်များ က ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်အလှူခံ ရရှိတော်မူသော မြောက်ဥက္ကလာပမြို့နယ်၊ ပုရွက်ဆိတ်ကုန်းရပ် ကွက်၊ ရတနာသိဒ္ဓိစာသင်တိုက်၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဝါယမိန္ဒိက သမ္မောဒနီယသြဝါဒါကထာ မြွက်ကြားချီးမြှင့် တော်မူသည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးစိုးသိန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့်ဇနီး၊တိုင်းမှူး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီး၀န်ကြီးများ၊ဌာနဆိုင်ရာတာ၀န်ရှိသူများကသာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၈၀)ပါး၊သီလရှင် ဆရာကြီးရှစ်ပါး စုစုပေါင်း  (၈၈ )ပါးတို့အား ဘွဲ့တံဆိပ်တော်များဆက် ကပ်လှူဒါန်းခြင်းနှင့်သာသနာပြုဘွဲ့ရလူပုဂ္ဂိုလ် (၁၆ )ဦးတို့အား ဘွဲ့ တံဆိပ်အပ်နှင်းခြင်းတို့ကိုဆောင်ရွက်ပြီး ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဗဟန်းမြို့နယ် ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် စာချနာယကဆရာတော်မဟာဂန္ထဝါစက ပဏ္ဍိတဘဒ္ဒန္တသုမင်္ဂလထံမှ အနုမောဒနာတရားနာယူ၍ ရေစက် သွန်းလောင်းအမျှပေးဝေကြသည်။

ထို့နောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းပြီး ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး များနှင့်သီလရှင် ဆရာကြီးများအား ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့်အဖွဲ၀င်များ၊ဌာနဆိုင်ရာ တာ၀န်ရှိသူများနှင့်အလှူရှင်များကလှူဖွယ်၀တ္ထုများ လှူဒါန်း၍ အခမ်းအနားကို အောင်မြင်စွာကျင်းပ ပြီးစီးသည်။              ဆန်းကျော်ဦး(ပြန်/ဆက်)

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာ၀န်ကြီး ဦးဌေးအောင်က အခမ်းအနားဖွင့် စာတမ်းကို ဖတ်ကြား လျှောက်ထား၍ အခမ်းအနားဖွင့်လှစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဌ   သာကေတမြို့နယ် တိပိဋကလင်္ကာရ စာသင်တိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိထံမှဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။

ယင်းနောက် မဟာဂန္ထ၀ါစကပဏ္ဍိတဘွဲ့တံဆိပ်တော်အလှူခံရရှိတော်မူသော မြောက်ဥက္ကလာပမြို့နယ်၊ပုရွက်ဆိတ်ကုန်းရပ်ကွက်၊ရ တနာသိဒ္ဓိစာသင်တိုက်၏ဦးစီးပဓာန နာယကဆရာတော်ဘဒ္ဒန္တ၀ါယမိိန္ဒက သမ္မောဒနီယသြ၀ါဒကထာ မြွက်ကြားချီးမြှင့်တော် မူသည်။ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးစိုးသိန်းက သာသနာရေးဆိုင်ရာများလျှောက်ထားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့်ဇနီး၊တိုင်းမှူး၊တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီး၀န်ကြီးများ၊ဌာနဆိုင်ရာတာ၀န်ရှိသူများကသာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၈၀)ပါး၊သီလရှင် ဆရာကြီး(   ၈   )ပါး စုစုပေါင်း  (   ၈၈   )ပါးတို့အားဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်းနှင့်သာသနာပြုဘွဲ့ရလူပုဂ္ဂိုလ် (  ၁၆   )ဦးတို့ကို ဘွဲ့တံဆိပ်အပ်နှင်းခြင်းတို့ကိုဆောင်ရွက်ပြီး ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဗဟန်းမြို့နယ် ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် စာချနာယကဆရာတော် မဟာဂန္ထ၀ါစကပဏ္ဍိတ      ဘဒ္ဒန္တသုမင်္ဂလထံမှ အနုမောဒနာတရား နာယူ၍ရေစက်သွန်းလောင်းအမျှပေးေ၀ကြသည်။

ထို့နောက် အခမ်းအနားကို ဗုဒ္ဓသာသနံံ စီရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းပြီး ဘွဲ့တံဆိပ်တော်ရ ဆရာတောကြီးများနှင့်သီလရှင် ဆရာကြီးများအား ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့်အဖွဲ၀င်များ၊ဌာနဆိုင်ရာ တာ၀န်ရှိသူများနှင့်အလှူရှင်များကလှူဖွယ်၀ထ္ထုများ လှူဒါန်း၍ အခမ်းအနားကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်းသတင်းရရှိသည်။






ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ