နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လသာမြို့နယ် သန့်ရှင်းသာယာလှပစေရေး

မတ် ၂၂ ရက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးနှင့် ဌာနများက တွဲဖက်ဝန်ထမ်းများ ပူးပေါင်းအင်အား ၁၉ ဦးဖြင့် အမှတ်(၉)ရပ်ကွက်၊‌‌ အ‌နော်ရထာလမ်း( လသာလမ်းနှင့်ဗိုလ်ရွဲလမ်းကြား)အတွင်း အမှိုက်၊ သဲ၊ ခဲများလှည်းကျင်းရှင်းလင်းခြင်း၊ အမှတ်(၆)ရပ်ကွက်၊ လသာလမ်း၊အရှေ့ဘက်ခြမ်း(အနော်ရထာ လမ်းနှင့် မဟာဗန္ဓုလလမ်းကြား)ရေမြောင်းအတွင်း အမှိုက်နှင့်မြောင်းချေးများ ဆယ်ယူရှင်းလင်းခြင်း၊ စွန့်ပစ်အမှိုက်များသိမ်းဆည်း၍ သန့်ရှင်းရေးပြုလုပ်ခြင်း ထွက်ရှိအမှိုက်နှင့်မြောင်းချေးများကို      ယာဉ်တစ်စီးဖြင့်   သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊  ကျုံးကြီးလမ်း ကားမှတ်တိုင်တို့တွင်   စည်းကမ်းမဲ့လမ်းဘေးဈေးသည်များ ဈေးရောင်းချမှုမရှိစေရေး၊ တောင်းရမ်း စားသောက်သူများမရှိစေရေး၊ မဟာဗန္ဓုလလမ်း ဝဲ/ယာ၊ကျုံးကြီးလမ်း၊ လမ်းမတော်လမ်း၊ ရွှေတိဂုံ ဘုရားလမ်းတို့ရှိဆိုင်များ လမ်းနယ်ကျူး ဆောင်ရွက်မှုမရှိစေရေးနှင့် ပျံကျဈေးသည်များမရှိစေရေး၊ အမှတ်(၂)ရပ်ကွက်၊ ၁၇ လမ်းနှင့် ၁၈ လမ်း၊ အမှတ်(၉)ရပ်ကွက်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး (ဗိုလ်ချုပ်အောင်ဆန်းလမ်းဘက်ခြမ်းနှင့် လမ်းမတော်လမ်းခြမ်း)ရှိ ပျံကျဈေးသည်များမရှိစေရေး စည်းကမ်းထိန်း  သိမ်းရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ကြစဉ်။                                                           





ကျော်သူထက်






အခြားဆက်စပ်သတင်းများ