နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယမုံနာမြစ်ရေ ပိုညစ်ညမ်းလာ၍ ဒေသခံများ နေထိုင်ရန် ခက်ခဲလာ

နယူးဒေလီ မတ်  ၂၄

အိန္ဒိယနိုင်ငံတွင် စီးဆင်းရစ်ခွေ နေသည့် ယမုံနာမြစ်ကမ်းတစ်လျှောက် နေထိုင်သူဒေသခံများသည် မြစ်ရေ ညစ်ညမ်းမှု ဆိုးဝါးလာသည့်အတွက် လူမှုဘ၀ရှင်သန်ရန် ခက်ခဲလာကြောင်း မတ် ၂၃ ရက်က ထုတ်ဖော်ပြောကြား သည်။

အမှိုက်များပြည့်နှက်နေသည့် ကမ်းနံဘေး၊  လင်းတငှက်များ အစာရှာဖွေရာနှင့်   ဘာသာရေး အခမ်းအနားများတွင်   အသုံးပြုပြီး စွန့်ပစ်ထားသည့် ၀တ္ထုပစ္စည်းများ စသည့် ပုံရိပ်များသည် အိန္ဒိယ၏ သန့်ရှင်းမွန်မြတ်ဆုံး ယမုံနာမြစ်ကို ဂုဏ်သိက္ခာ   ကျဆင်းစေကြောင်း အာဏာပိုင်များက ပြောသည်။

ဒရုန်းကတစ်ဆင့် ရိုက်ယူထားသည့် မြင်ကွင်းအရ ယမုံနာမြစ်ကမ်းဘေးတွင် ရေဆိုးများ စီးဝင်နေပြီး စွန့်ပစ်အမှိုက် သရိုက်၊ ဒိုက်များသည်လည်း ကမ်း ခြေတွင် မျောတင်နေကာ ယင်းတို့သည် မြစ်ရေစီးဆင်းမှုကို အတားအဆီးဖြစ် ပေါ်နေကြောင်း တွေ့ရသည်။ 

ယမုံနာမြစ်သည် နယူးဒေလီ မြို့တော်၏ ရေလိုအပ်ချက်ကို ၆၀ ရာခိုင်နှုန်း ဖြည့်ဆည်းပေးနေသော် လည်း မြို့တော်၏ စွန့်ပစ်အမှိုက် နှင့် ရေဆိုးများသည် မြစ်အတွင်း ပြန်လည်ရောက်ရှိနေကာ ဒေလီ မြို့တော်အတွင်း ညံ့ဖျင်းသည့် စီမံ ခန့်ခွဲမှုကြောင့် စွန့်ထုတ်ရေဆိုး၏ ထက်ဝက်အောက် အနည်းအကျဉ်းကို သာ သန့်စင်နိုင်ကြောင်း သိရသည်။






(ref:CNA)






အခြားဆက်စပ်သတင်းများ