နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျာမနီနှင့်ပြင်သစ် မျိုးဆက်သစ်တင့်ကား ပူးတွဲတည်ဆောက်မည်

ဘာလင် မတ်  ၂၄

ဂျာမနီနှင့်  ပြင်သစ်တို့သည် ပင်မမြေပြင်  တိုက်ပွဲဝင်စနစ် (MGCS)ဟု ခေါ်သည့် မျိုးဆက်သစ် တင့်ကားကို ပူးတွဲတီထွင်မည်ဖြစ်ပြီး နှစ်နိုင်ငံ အကြား လုပ်ငန်းတာဝန်များ မျှဝေလုပ်ကိုင်ခြင်းဖြင့် သမိုင်းဝင် အောင်မြင်မှုရရန် ဖော်ဆောင်မည် ဖြစ်ကြောင်း နှစ်နိုင်ငံကာကွယ်ရေး ဝန်ကြီးများက ပြောသည်။ 

မတ် ၂၃ ရက်က ဘာလင်မြို့တွင် ပြင်သစ် ကာကွယ်ရေးဝန်ကြီးဆီဘက် စတိန်း လီကော်နျူနှင့်ဂျာမန် ကာ ကွယ်ရေးဝန်ကြီး ဘောရစ္စပစ္စတိုရီး တို့ တွေ့ဆုံကာ စီမံကိန်းကို သမိုင်းဝင် အဖြစ် ဖော်ဆောင်ရန် ဆွေးနွေးပြော ကြားကြခြင်းဖြစ်သည်။

ဂျာမနီ၏ Leopard တင့်ကားနှင့် ပြင်သစ်၏ Leclerc တင့်ကားများကို အစားထိုးရန် ရည်မှန်းထားသည့် MGCS တင့်ကားတည်ဆောက်ရေး သည် နှစ်နိုင်ငံပထမဆုံးပူးပေါင်းမှု စီမံကိန်းဖြစ်ပြီး FCAS မျိုးဆက်သစ် တိုက်လေယာဉ်များ တည်ဆောက်ရေး စီမံကိန်းသည် နှစ်နိုင်ငံ ဒုတိယအကြီးဆုံး လက်နက်စီမံကိန်းဖြစ်ကြောင်း သိရ သည်။ 

MGCS  တင့်ကားထုတ်လုပ်ရန် KNDS ဂျာမန်-ပြင်သစ် ကုမ္ပဏီကို ထူထောင်ထားပြီး အဆိုပါကုမ္ပဏီကို ယူကရိန်းတွင်လည်း အပိုပစ္စည်း ထုတ်လုပ်ရန်နှင့် ဒေသခံဝန်ထမ်း များကို လေ့ကျင့်ပေးရန် ဌာနခွဲ တစ်ခုဖြင့် ထားရှိလိုကြောင်း ပြင်သစ် ကာကွယ်ရေးဝန်ကြီးက ပြောသည်။






(ref: Reuters)






အခြားဆက်စပ်သတင်းများ