နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝေလမင်းသမီး ကင်ဆာ ကုထုံး ခံယူနေရ

လန်ဒန် မတ်  ၂၄

ဝေလမင်းသား၏ ကြင်ရာတော် မင်းသမီးကက်သရင်း(ကိတ်မစ်ဒယ်လ် တန်)သည် ကင်ဆာရောဂါခံစားနေရ ကြောင်း ကန်ဆင်တန်နန်းတော်က မတ် ၂၃ ရက်တွင် ထုတ်ပြန်သည်။

အသက် ၄၂ နှစ်ရှိပြီဖြစ်သည့် ကိတ်အနေဖြင့် ယခုရောဂါအား လ အတန်ငယ်ကြာကတည်းက ခံစား ‌နေရခြင်းဖြစ်ပြီး ကင်ဆာဖြစ်သည်ဟု သိရချိန်တွင် တုန်လှုပ်ချောက်ချားခဲ့ရ သည်ဟု ဆိုသည်။

ယင်းသည် ဇန်နဝါရီလက ဝမ်းဗိုက် ခွဲစိတ်မှုကို   အောင်မြင်စွာခံယူပြီး နောက် ထပ်မံပြုလုပ်သည့် စမ်းသပ်မှု အတွင်း ကင်ဆာကိုတွေ့ရှိခြင်း ဖြစ်ပြီး ကင်ဆာအမျိုးအစားနှင့်အဆင့်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိကြောင်း သိရသည်။

ကျန်းမာရေးပြဿနာ စတင် ဖြစ်ပွားချိန်ကတည်းက ပြည်သူများ ၏ အားပေးရပ်တည်မှုနှင့် ဆုတောင်း ပေးမှုများအတွက် ကျေးဇူးတင် ရှိကြောင်း ကိတ်က ပြောကြားထားပြီး ဆေးကုသမှု  ခံယူနေစဉ်အတွင်း မိသားစုနှင့် ကိုယ်ပိုင်အချိန် ဖြတ်သန်း မည်ဖြစ်ကြောင်း သိရသည်။                             






(ref:BBC)






အခြားဆက်စပ်သတင်းများ