နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဥရောပတွင် နျူစွမ်းအင် ပြန်လည် သုံးစွဲရန် တိုက်တွန်း

ဘရပ်ဆဲလ် မတ်  ၂၃

နျူကလီယားစွမ်းအင် လိုလား သည့် ဥရောပခေါင်းဆောင်များနှင့် စွမ်းအင်ကျွမ်းကျင်သူများသည် မတ် ၂၂ ရက်က ဘရပ်ဆဲလ်မြို့တွင် ပြုလုပ်သည့် ထိပ်သီးအစည်းအဝေး အတွင်း နျူစွမ်းအင်သုံးစွဲမှု ပြန်လည် ဆောင်ရွက်ရန် တိုက်တွန်းတောင်း ဆိုလိုက်သည်။

ဥရောပတွင် နျူစွမ်းအင်သုံးစွဲမှု တစစ ကျဆင်းလာပြီးနောက် ဥရောပ စက်မှုလုပ်ငန်းကို နျူစွမ်းအားနှင့် ပြန်လည်တည်ဆောက်ရန် နှိုးဆော် ခြင်းဖြစ်ကြောင်း သိရသည်။

ကာဗွန်နည်းပါးသော စွမ်းအင် ရင်းမြစ်ဖြစ်သည့် နျူကလီယားကို ချဲ့ထွင်ရန်  တွန်းအားပေးမှုသည် ဥရောပ၏ အဓိက ရည်မှန်းချက် ဖြစ်သည့် ရာသီဥတု ပြဿနာများကို ဖြေရှင်းနိုင်ရေး  တွန်းအားပေးမှု တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရ သည်။

၂၀၃၀ ပြည့်နှစ်တွင် အသားတင် ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု ၅၅ ရာခိုင်နှုန်း လျှော့ချရန် ဥရောပ သမဂ္ဂက ကတိကဝတ်ပြုလုပ်ထား ပြီး ယင်းကတိများကြောင့် နျူကလီယား စွမ်းအင်ကို အသစ်တစ်ဖန် ဆွေးနွေး နေခြင်းဖြစ်ကြောင်း သိရသည်။






(ref:AP)






အခြားဆက်စပ်သတင်းများ