နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အက်ပဲလ် ကုမ္ပဏီအား ပြည်နယ် ၁၅ ခုက တရားစွဲဆို

ဝါရှင်တန် မတ်  ၂၃

အမေရိကန်တရားရေးဌာန အပါ အဝင် ပြည်နယ် ၁၅ ခုက အက်ပဲလ် ကုမ္ပဏီကို စမတ်ဖုန်းဈေးကွက် လက်ဝါးကြီးအုပ်သည်ဟုဆိုကာ ဈေး ကွက်မျှတစွာ ယှဉ်ပြိုင်ရေးတရား ဥပဒေစွဲဆိုချက်ဖြင့် မတ် ၂၂ ရက်က အမှုဖွင့်လိုက်သည်။ 

ယင်းကုမ္ပဏီများသည် ဈေးကွက် မျှတစွာ ယှဉ်ပြိုင်ရေးဥပဒေများကို ချိုးဖောက်သည့်အတွက် သုံးစွဲသူများ အနေဖြင့် ဈေးကြီးပေးမဝယ် သင့် ကြောင်းနှင့် ယခုဖြစ်ရပ်ကို တရားမစွဲ ပါက  အက်ပဲလ်သည်စမတ်ဖုန်း ဈေးကွက်တွင် ဆက်လက်ခြယ်လှယ် နေမည်ဖြစ်ကြောင်း အစိုးရရှေ့နေချုပ် မာရစ်ဂါးလန်းက ပြောသည်။

အက်ပဲလ်သည် အခြားပြိုင်ဘက် ကုမ္ပဏီများထက် အိုင်ဖုန်းတစ်လုံးစာ လျှင် ၁၅၉၉ ဒေါ်လာအထိ ဝင်ငွေပိုမိုရရှိ နေကြောင်း တရားရေးရာဌာနက ဖော် ပြထားပြီး တရားစွဲဆိုမှုအောင်မြင်ပါက နောက်ထွက်လာမည့် အက်ပဲလ် ထုတ် ကုန်များ၏ အရည်အသွေးကို ထိခိုက် လာစေနိုင် ကြောင်း သိရသည်။

အက်ပဲလ်ကမူ ထိုစွပ်စွဲချက်များကို ငြင်းဆိုထားကာ တရားစွဲဆိုချက်များ သည် ယင်းတို့၏ ထုတ်ကုန်များ ဈေး ကွက်တွင် ကွဲထွက်အောင်မြင်နေသည့် ကြိုးပမ်းမှုများကို ခြိမ်းခြောက်နေသည် ဟု တုံ့ပြန်ထားသည်။

သမ္မတဟောင်း ဒေါ်နယ်ထရမ့် လက်ထက်ကလည်း အက်ပဲလ်နည်းတူ ဂူဂဲလ်၊ မီတာပလက်ဖောင်း၊ အမေဇုန် ကုမ္ပဏီ တို့သည်လည်း အဆိုပါ ဥပဒေ စွဲချက်ဖြင့် တရားစွဲခံရဖူးကြောင်း သိရ သည်။                                 






(ref:AP)






အခြားဆက်စပ်သတင်းများ