နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ကိုရီးယား ကုန်တင်သင်္ဘော ဂျပန်ကမ်းလွန်တွင် နစ်မြုပ်

ဆိုးလ် မတ်  ၂၂

ဓာတုပစ္စည်းများ တင်ဆောင်လာ သည့် တောင်ကိုရီးယား သင်္ဘောသည် ဂျပန်နိုင်ငံအနောက်ပိုင်း ယာမာဂူ ချီခရိုင် ကမ်းရိုးတန်း ကမ်းလွန် ပင်လယ်ပြင်တွင် မတ် ၂၁ ရက်က နစ်မြုပ်သွားကြောင်း အာဏာပိုင် များက ပြောသည်။  

သင်္ဘောဝန်ထမ်း ၁၁ ဦးလိုက်ပါ လာသည့် ကိုယုန်ဆွန်း အမည်ရှိ ကုန်သင်္ဘောသည် အက်ခရာလစ် အက်ဆစ်ဓာတုပစ္စည်း တန်ချိန် ၁၀၀၀ နီးပါး တင်ဆောင်၍ ထွက်ခွာလာစဉ် ရာသီဥတုဆိုးရွားလာသဖြင့် ဂျပန်ကမ်း လွန်တွင် ကျောက်ဆူးချ ရပ်နားနေစဉ် သင်္ဘောသည် တစ်ဖက်ကို တိမ်းစောင်း နစ်မြုပ်လာသဖြင့် သက်ဆိုင်ရာကို ဆက်သွယ် အကူအညီတောင်းခံခဲ့ရ ကြောင်း သိရသည်။

ထို့နောက် ကယ်ဆယ်ရေးအဖွဲ့များ သွားရောက်ကယ်ဆယ်ရာတွင်သင်္ဘော သား ၁၁ ဦးအနက် ကိုးဦးကို ဆယ်ယူ ရရှိပြီး ယင်းတို့ထဲတွင် ခုနစ်ဦးသေ ဆုံးသွားကာ လက်ရှိတွင် ပျောက်ဆုံး နေသည့် ကျန်နှစ်ဦးကို လိုက်လံ ရှာဖွေ နေကြောင်း ကယ်ဆယ်ရေးအဖွဲ့က ပြောကြားသည်။               





 (ref:NHK)






အခြားဆက်စပ်သတင်းများ