နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန် လေတပ် ဟိုက်ပါဆောနစ်လက်နက် စမ်းသပ်မှု အောင်မြင်

ဝါရှင်တန်  မတ်  ၂၂

ပစိဖိတ်သမုဒ္ဒရာဝေဟင်တွင် ဟိုက်ပါဆောနစ် လက်နက်စမ်းသပ်မှု ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ပြီ ဖြစ် ကြောင်း အမေရိကန်လေတပ်က မတ် ၂၁ ရက်တွင် ထုတ်ဖော်ပြောဆိုသည်။ 

 ဘီ-၅၂ ဗုံးကြဲလေယာဉ်တစ်စင်း သည် လေကြောင်းပစ် အလျင်အမြန် တုံ့ပြန်ရေးလက်နက် (ARRW) တစ်စင်း ကို သယ်ဆောင်ကာ စမ်းသပ်မှု လုပ် ဆောင်ခြင်းဖြစ်ပြီး လက်နက်ပစ်လွှတ် လိုက်သည့် အရှိန်နှုန်းကို ထုတ်ပြော ခြင်းမရှိကြောင်း သိရသည်။

အမေရိကန်သတင်းများတွင် ဖော်ပြချက်အရ အမြန်နှုန်းနှင့် ပဲ့ထိန်း နိုင်စွမ်းအား ကောင်းမွန်သော  အသံ ထက်မြန်သည့် ဟိုက်ပါဆောနစ် လက်နက်များ တီထွင်ထုတ်လုပ်ခြင်း သည် အမေရိကန်တစ်နိုင်ငံတည်း မဟုတ်ကြောင်း သိရသည်။

အလားတူ အမေရိကန်စစ်ဘက် အရာရှိများကလည်း   ရုရှားသည် ယူကရိန်းရှိ ပစ်မှတ်များကို ဟိုက်ပါ ဆောနစ် ဒုံးကျည်များနှင့် ပစ်ခတ် ခဲ့ကာ တရုတ်နိုင်ငံကလည်း ဟိုက်ပါ ဆောနစ်လက်နက်များကို စမ်းသပ် ထားပြီးဖြစ်သည်ဟု ပြောသည်။






(ref:Reuters)






အခြားဆက်စပ်သတင်းများ