နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေ့ပြောင်းဒုက္ခသည် ပြန်ပို့မှုကို လက်မခံကြောင်း မက္ကဆီကို ထုတ်ပြန်

မက္ကဆီကိုစီးတီး မတ်  ၂၂

တက္ကဆက်ပြည်နယ်ဘက်က ပြန်ပို့ သည့် ရွှေ့ပြောင်းဒုက္ခသည်များကို လက်ခံတော့မည်မဟုတ်ကြောင်း မက္ကဆီကို သမ္မတ လိုပက်ဇ်က် အိုဘရာ ဒေါက မတ် ၂၁ ရက်တွင် ပြောကြား လိုက်သည်။ 

တက္ကဆက်ပြည်နယ်၏ ဥပဒေတွင် အမေရိကန်-မက္ကဆီကို နယ်စပ်သို့ တရားမဝင် ဖြတ်ကျော်လာသည်ဟု သံသယရှိသူများကို ဖမ်းဆီးခွင့်ပြုထား ခြင်းကြောင့် လူ့ဂုဏ်သိက္ခာကို နိမ့်ကျစေ သည်ဟုဆိုကာ မက္ကဆီကိုဘက်က ယခု လို ပြောလာခြင်း ဖြစ်သည်။ 

တက္ကဆက်၏ အဆိုပါဥပဒေ အသက် ဝင်ရန် အမေရိကန် တရားရုံးချုပ်က အတည်ပြုချက်ပေးထားသော်လည်း မက္ကဆီကိုသမ္မတကမူ ယင်းဥပဒေသည် ပြင်းထန်လွန်းပြီး လူ့ဂုဏ်သိက္ခာကို နိမ့်ကျစေကာ တရားမျှတမှု မရှိကြောင်း  ဝေဖန် ပြောကြားထားသည်။

S.B 4 ဟု  လူသိများသည့် ယင်း ဥပဒေတွင် တက္ကဆက်ပြည်နယ်သို့ တရားမဝင်  ဝင်ရောက်ခြင်းနှင့် ပြည်နယ်အတွင်း ပြည်ပနိုင်ငံတစ်ခုက တရားမဝင် ပြန်လည်ဝင်ရောက်ခြင်းကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားပြီး ဥပဒေချိုးဖောက်သူများကို ပြည်နယ် တရားသူကြီးများက ထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်နိုင်မည်ဟု ပါရှိ သည်။






(ref:AFP)






အခြားဆက်စပ်သတင်းများ