နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ဆူဒန်တွင် အပူလှိုင်းဖြတ်၍ ကျောင်းများပိတ်မည်

ဂျူဘား မတ်  ၂၂

တောင်ဆူဒန်နိုင်ငံ မြို့တော် ဂျူဘားတွင် ပြင်းထန်သည့် အပူလိုင်း တစ်ခု ဖြတ်သန်းနေခြင်းကြောင့် နေ့အပူချိန်များ မြင့်တက်လာကာ စာသင်ကျောင်းများကို မတ် ၂၁ ရက် ကစ၍ သီတင်းနှစ်ပတ်ကြာပိတ်ထားရန် အစိုးရက ညွှန်ကြားထားကြောင်း သိရသည်။

 နိုင်ငံအတွင်း အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပေါ်နေပြီး ရာသီဥတု ပြောင်းလဲမှု၏  ဂယက်ရိုက်မှုနှင့် အိမ်နီးချင်း ဆူဒန်မှ ဒုက္ခသည် လှိုင်း လုံး ကြီးများ ဝင်ရောက်လာမှုနှင့် ရင်ဆိုင် နေရချိန်တွင် ယခုညွှန်ကြားချက်ကို ချမှတ် ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

တောင်ဆူဒန်တွင် နေ့အပူအချိန် သည် ၄၅ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ ကျွမ်းကျင်သူများ   ခန့်မှန်းထားပြီး ယင်းအခြေအနေတွင်   ရေခဲနှင့် ရေဝယ် လိုအား  မြင့်တက်လာခြင်းကြောင့် ဒေသခံများသည် ရေခဲနှင့် ရေစျေးနှုန်း ဖောင်းပွမှုကိုပါ ကြုံတွေ့နေရကြောင်း သိရသည်။

အပူဒဏ်ကြောင့် ကျောင်းသား အခြေပြု သင်ယူလေ့လာမှုကို ဆက် လက် အကောင်အထည်ဖော်ရန် ခက်ခဲနေခြင်းကြောင့်  ကျောင်းများ ပိတ်ထားမည့်  ညွှန်ကြားချက်ကို ပညာရေးဝန်ထမ်းများက  ကြိုဆို ထောက်ခံကြောင်း သိရသည်။ 





(ref:AP)






အခြားဆက်စပ်သတင်းများ