နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်းဝန်ကြီးချုပ်၏ ပြည်ပခရီးစဉ်များ နှစ်လကြာ ရပ်နားမည်

ဘန်ကောက် မတ်  ၂၂

ထိုင်းဝန်ကြီးချုပ် ဆရီသာ ထဝီဆင်၏ ပြည်ပခရီးသွားလာမှု များ ပြား ခြင်းအပေါ်ဝေဖန်မှုများ ရှိလာခြင်း ကြောင့် ယင်း၏ ပြည်ပခရီးစဉ်များကို မေလလယ်အထိ နှစ်လကြာ ရပ်နား ထားမည်ဖြစ်ကြောင်း မတ် ၂၁ ရက်က ပြောသည်။  

ဝန်ကြီးချုပ်  ဆရီသာသည် ထိုင်းနိုင်ငံတွင်   ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာရေးအတွက်  ယင်း၏ ခြောက်လကြာ ဝန်ကြီးချုပ်သက်တမ်း ကာလအတွင်း ပြည်ပနိုင်ငံ ၁၆ နိုင်ငံ သို့ သွားရောက်ခဲ့သော်လည်း ရလဒ် တစ်စုံတစ်ရာ  မပြနိုင်ခြင်းအပေါ် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရခြင်းဖြစ် သည်။ 

လက်ရှိတွင် ထိုင်းဝန်ကြီးချုပ် အနေဖြင့် ပြည်တွင်းရေးကိစ္စများကို ပိုမိုဂရုပြုပေးရန်၊ လေထုညစ်ညမ်းမှု ပေါ်ပေါက်နေသည့် မြောက်ပိုင်း ဒေသ များတွင် မီးငြှိမ်းသတ်ရေးလုပ်ငန်းစဉ် များကို သွားရောက်စစ်ဆေးခြင်းများ ပြုလုပ်ပေးရန် ပြည်သူများက တောင်း ဆိုလျက်ရှိသည်။







(ref:Bangkok Post)






အခြားဆက်စပ်သတင်းများ