နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၂၈၄၃ ဦးအတွက် ဖန်တီးပေး

ရန်ကုန်  မတ်  ၂၂

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီ (၃/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ရန်ကင်း မြို့နယ်၊ တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပ သည်။

အစည်းအဝေးသို့ ရန်ကုန် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် ကော်မတီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြ သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရင်းနှီး မြှုပ်နှံသူ လုပ်ငန်းရှင်များ၏ ထုတ်လုပ်သည့် ပစ္စည်းနမူနာ ပြသထားရှိမှုများကို ကြည့်ရှုကြ သည်။

ထို့နောက် ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် က အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် ရန်ကုန် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် ဟိုတယ်ဝန်ဆောင် မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခု၊ စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း သုံးခုနှင့် စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း လေးခု၊ ဖက်စပ်နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်း နှစ်ခုတို့ကို အတည်ပြုပေးခဲ့ပြီး အတည်ပြု ပေးခဲ့သည့်        လုပ်ငန်းများမှာ

ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်း၊ ပြည်တွင်း၌ ၁၀၀ ရာခိုင်နှုန်း ရောင်းချမည့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ (PVC ပိုက်များနှင့် HDPE ပိုက်များ) ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ ပြည်တွင်း၌ ၁၀၀ ရာခိုင်နှုန်း ရောင်းချမည့် အားဖြည့်အချိုရည် အမျိုးမျိုး ထုတ်လုပ်ရောင်းချ ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် သတို့သမီးဝတ်စုံနှင့် ဆက်စပ် ပစ္စည်းအမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်း၊ CMP စနစ်ဖြင့် နာရီ လက်ပတ်ကြိုးအမျိုးမျိုး၊ သားရေ လက်ပတ်ကြိုးနှင့် ဆက်စပ်   ပစ္စည်းများထုတ်လုပ်ခြင်းလုပ်ငန်း၊ ၁၀၀ ရာခိုင်နှုန်း ပြည်ပသို့တင်ပို့ မည့် လူသုံးကုန် Fancy အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း၊ ပြည်တွင်း ၌ ၁၀၀ ရာခိုင်နှုန်းရောင်းချမည့် ပလတ်စတစ်ဘူး အမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း တို့ဖြစ်သည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ မြန်မာငွေကျပ် ၈၀၃၆ ဒသမ ၆၅၉ သန်းနှင့် အမေရိကန် ဒေါ်လာ ၉ ဒသမ ၀၄၆ သန်း ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၂၈၄၃ ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်သည်။

ထို့ပြင် အစည်းအဝေးတွင် အထွေထွေကိစ္စရပ်များ တင်ပြ လာသည့် ကုမ္ပဏီ ၁၂ ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေး ဆုံးဖြတ်ခဲ့သည်။






ဆန်းကျော်ဦး (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ