နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် သန့်ရှင်းသာယာလှပစေရေး

မတ် ၁၈ ရက်က မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးကြီးကြပ်၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့်ဌာနများက တွဲဖက် ဝန်ထမ်းများပူးပေါင်းအင်အား ၃၀ ဦးဖြင့် ၅၉ ရပ်ကွက်၊ ရတနာလမ်း(ကွမ်အပ်မင်းသားလမ်းနှင့် ပဲခူးမြစ်လမ်းကြား)တွင် မြက်ဖြတ်စက်နှစ်လုံးအသုံးပြု၍ မြက်ပင်ချုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်း ခြင်း၊ စွန့်ပစ်အမှိုက်များသိမ်းဆည်းခြင်း၊ သစ်ရွက်ခြောက်ကြွေများ၊ သဲခဲများ လှည်းကျင်းရှင်းလင်း၍ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ၈၂ ရပ်ကွက်၊ ကွမ်အပ်မင်းသားလမ်း (မြနန္ဒာလမ်းနှင့် ပန်းဝါလမ်းကြား)ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းအတွင်းရှိ အမှိုက်၊ ဒိုက်၊ ဗေဒါနှင့်နုန်းများ ဆယ်ယူ ရှင်းလင်းခြင်း၊ ထွက်ရှိအမှိုက်များကို ယာဉ်တစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်းတို့ ဆောင်ရွက် ကြစဉ်။                                                                                                                       






ယဉ်မွန်






အခြားဆက်စပ်သတင်းများ