နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စပိန်တွင် စက်ရုပ်ခွေး စမ်းသပ်ကင်းလှည့်

မက်ဒရစ် မတ်  ၂၁

စပိန်နိုင်ငံ မာလာဂါမြို့လယ်တွင် ရဲတပ်ဖွဲ့က စက်ရုပ်ခွေးတစ်ကောင်ဖြင့် မတ် ၂၀ ရက်က စမ်းသပ်ကင်းလှည့်နေ ကြောင်း သိရသည်။ 

မာလာဂါတက္ကသိုလ် သုတေသီများ သည် တားမြစ်နေရာများတွင် လျှပ်စစ် စကူတာ စီးနင်းခြင်းကဲ့သို့ ယာဉ် စည်းကမ်း ချိုးဖောက်မှုများကိုရဲများ တွေ့ရှိနိုင်ရန် အစိမ်းရောင်နှင့် အနက် ရောင် စက်ရုပ်ခွေးကို တီထွင်ထားခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စက်ရုပ်ကို အဝေး ထိန်းစနစ်နှင့် ထိန်းချုပ်ထားသော် လည်း နောက်ဆုံးအဆင့်အနေဖြင့် စက်ရုပ်ကို အလိုအလျောက် လုပ်ဆောင် နိုင်ရန် ဉာဏ်ရည်တု ပေါင်းစပ်ပေးမည် ဖြစ်ကြောင်း သုတေသီများကပြော သည်။

ယခုစီမံကိန်းတွင် ထူးခြားချက် အနေဖြင့် စက်ရုပ်၏ အဝေးထိန်း လုပ်ဆောင်ချက်အတွက် 5G နည်းပညာ ကို အသုံးပြုထားပြီး ရုပ်ပုံများ ပိုင်းခြား စိတ်ဖြာ၍ အန္တရာယ်ရှိ အခြေအနေ များကို ထောက်လှမ်းနိုင်ရန် ဖန်တီးထား ကြောင်း သိရသည်။







(ref:AP)






အခြားဆက်စပ်သတင်းများ