နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မီးဘေးလုံခြုံရေး ပူးပေါင်းဆောင်ရွက်ပေး

မီးသတ်ဦးစီးဌာနသည် မီးဘေးအန္တရာယ်ကို ပြည်သူများ ဂရုပြုလာရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ အဋ္ဌမအကြိမ်မြောက် မီးဘေး လုံခြုံရေးဆိုင်ရာ  မီးငြှိမ်းသတ်စက်  ကိုင်တွယ်အသုံးပြုခြင်း              ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲကို မတ် ၇ ရက်က ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရုံး၌ ကျင်းပသည်။ ပြိုင်ပွဲများ ကျင်းပရခြင်းသည် ဝန်ထမ်းများအနေဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်တတ်သည့် အလေ့အထကောင်းများ၊ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်တတ်မှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ရရှိစေမည် ဖြစ်သည်။

မိမိတို့နိုင်ငံတွင် ဖြစ်ပွားသော မီးလောင်မှုများတွင် ပေါ့ဆမှု ကြောင့် လောင်ကျွမ်းသော မီးလောင်မှုမှာ အများဆုံးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ သုံးသပ်ချက်အရ သိရသည်။ မီးလောင်မှု ဖြစ်ပွားလျှင် ထွက်မပြေးပါနှင့်။ ပတ်ဝန်းကျင်ကို အကူအညီတောင်း ရန်၊ မီးစတင် လောင်ကျွမ်းချိန်တွင် ငြှိမ်းသတ်နိုင်လျှင် မီးလောင် ဆုံးရှုံးမှု မများနိုင်ကြောင်း၊ အိမ်တိုင်း၊ အဆောက်အအုံတိုင်း ယာဉ်တိုင်းတွင် ဓာတုဗေဒပေါင်ဒါမှုန့်ခြောက်၊ မီးသတ်ဆေးဘူး များ ဆောင်ထားခြင်းဖြင့် အလျှင်အမြန် မီးငြှိမ်းသတ်နိုင်ကြောင်း မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ်ကာကွယ်ရေး နှိုးဆော်ချက် ထုတ်ပြန်ထားသည်။ 

မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်များရှိ ဈေးများ တွင် တာဝန်ရှိသူများ၊ ဈေးသူ၊ ဈေးသားများ မီးငြှိမ်းသတ်ရေး        လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်လျက် ရှိသည်။ 

ယင်းအပြင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဝယ်ယူခဲ့သည့် မီးငြှိမ်းသတ်ယာဉ်များကိုလည်း တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းကို မတ် ၆ ရက်က ပဲခူး မြို့တွင် ကျင်းပရာ ဝယ်ယူခဲ့သည့် Sino- HoVIo Truck မီးသတ် ယာဉ် သုံးစီးဖြင့် သရုပ်ပြမီးငြှိမ်းသတ်မှုများ ပြသခဲ့သည်။ မီးသတ် ယာဉ်များ ဝယ်ယူဖြည့်တင်းပေးခြင်းသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးမှု မရှိစေခြင်း ဆောင်ရွက်ပေး ခြင်းဖြစ်ရာ လိုအပ်သည့်ဒေသများတွင် ဖြည့်ဆည်းပေးနိုင်မည်  ဖြစ်သည်။ 

မီးသုံးစွဲသူများ ဂရုမပြုခြင်း၊ မီးဘေးအန္တရာယ်ကာကွယ်‌ရေး လုပ်ဆောင်ရန် လိုက်နာမှုအားနည်းခြင်းတို့ကြောင့် မလိုလားအပ် သော ဆုံးရှုံးမှုများ လျော့နည်းသွားစေရန် မီးသုံးစွဲသူအားလုံးက ကြိုတင်ကာကွယ် ဆောင်ရွက်စေချင်ကြောင်း။      ။






အခြားဆက်စပ်သတင်းများ