နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆူနာမီဒဏ်သင့်နျူဓာတ်ပေါင်းဖိုကို အသေးစားဒရုန်းနှင့်စက်ရုပ်မြွေလွှတ်၍ ဂျပန်လေ့လာ

တိုကျို၊ မတ် ၂


ဂျပန်နိုင်ငံ၏ ၂၀၁၁ ခုနှစ် ဆူနာမီလှိုင်း ဒဏ်သင့် ဖူကူရှီးမားနျူဓာတ်အားပေး စက်ရုံ၏နျူကလီယား ဓာတ်ပေါင်းဖိုသုံးခုအနက်တစ်ခုအတွင်း  လေ့လာရန် ဒရုန်းအသေးစားနှစ်စင်းနှင့်မြွေပုံ သဏ္ဍာန်စက်ရုပ်တစ်ရုပ်ကို  စေလွှတ် လိုက်ကြောင်း  စက်ရုံစီမံခန့်ခွဲသည့် ကုမ္ပဏီက မတ် ၁ ရက်တွင်ပြောသည်။ရေဒီယိုသတ္တိကြွလောင်စာများနှင့် အပျက်အစီးတန်ချိန် ရာချီကိုဖယ်ရှား ရှင်းလင်းရေး ကြိုတင်ပြင်ဆင်မှုအဖြစ် ယင်းကိရိယာများကို စေလွှတ်ခြင်းဖြစ် ပြီး အဆိုပါရှင်းလင်းရေးလုပ်ငန်းစဉ် သည်  ဆယ်စုနှစ်ချီကြာမြင့်နိုင်သည့် အန္တရာယ်များသော စီမံချက်တစ်ခုဖြစ် ကြောင်းသိရသည်။

ဓာတ်ပေါင်းဖိုအတွင်းပိုင်းသည် ကျဉ်းမြောင်းပြီး မှောင်မည်းနေခြင်း ကြောင့်  သေးငယ်သည့်ဒရုန်းများကိုထိန်းကျောင်းပျံသန်းနိုင်မှုနှင့် ဓာတ်ပုံရိုက်ကူးနိုင်မှု စွမ်းရည်မြှင့်တင်ပေးထားကြောင်းကုမ္ပဏီက ဆိုသည်။နျူဓာတ်ပေါင်းဖိုအဆောက်အအုံများ ၏ အတွင်းပိုင်းသည်လူများဝင်ရောက် ရန် ရေဒီယိုသတ္တိကြွမှုအလွန်မြင့်မား ခြင်းကြောင့် လောင်စာနှင့် အပျက်အစီး များကို စက်ရုပ်များဖြင့်မဖယ်ရှားမီ ဒရုန်း များကို စေလွှတ်လေ့လာခြင်းဖြစ်ကြောင်း သိရသည်။                   



(ref:Reuters)






အခြားဆက်စပ်သတင်းများ