နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့အကြီးဆုံး ကာဗွန်ဒိုင်အောက်ဆိုဒ် ဖယ်ရှားရေးစက်ရုံ စင်ကာပူတည်ဆောက်မည်

စင်ကာပူ၊ မတ် ၂

လာမည့် ၁၈လကျော်အတွင်း ကမ္ဘာ့ အကြီးဆုံး သမုဒ္ဒရာအခြေစိုက်ကာဗွန် ဒိုင်အောက်ဆိုဒ် ဖယ်ရှားရေးစက်ရုံကိုစင်ကာပူကစက်မှုဇုန်နေရာ Tuas တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိ ရသည်။အဆိုပါ စက်ရုံဆောက်လုပ်ပြီးစီးပါ က တစ်ရက်လျှင် ကာဗွန်ဒိုင်အောက်ဆိုဒ် ၁၀မက်ထရစ်တန် (၁၀,၀၀၀ ကီလိုဂရမ်)  ကိုဖယ်ရှားနိုင်မည်ဖြစ်ကြောင်း Univer- sity of California (UCLA) ၏ ထုတ်ပြန် ချက်အရ သိရသည်။

Equatic-1 ဟုခေါ်သည့်  အဆိုပါ စက်ရုံတည်ဆောက်ရေးအတွက် အမေရိ ကန်ဒေါ်လာ သန်း ၂၀ကုန်ကျမည်ဖြစ် ပြီး စင်ကာပူနိုင်ငံ၏ National Water Agency PUB, UCLA နှင့်Equatic တို့က ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။၂၀၂၃ ခုနှစ် ဧပြီလက လော့စ်အိန် ဂျယ်လိစ်နှင့်စင်ကာပူတွင်  ရှေ့ပြေး စမ်းသပ်မှုနှစ်ခုအောင်မြင်စွာ စတင်  လုပ်ဆောင်ပြီးနောက် ယင်းပရော့ဂျက် ကို တရားဝင်ထုတ်ပြန်ကြေညာလာ ခြင်းဖြစ်သည်။           




ရဲခေါင်(ref:CNA)






အခြားဆက်စပ်သတင်းများ