နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သမ္မတဘိုင်ဒင်နှင့် သမ္မတဟောင်းထရမ့် မက္ကဆီကို နယ်စပ်သွားရောက်

ဝါရှင်တန် ၊မတ် ၂


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့နှစ်ဦး သည် မက္ကဆီကိုနယ်စပ်နှင့်ထိစပ်နေ သော တက္ကဆက်ပြည်နယ်သို့  မတ် ၁ ရက်က သွားရောက်ကြောင်း သိရ သည်။မက္ကဆီကိုနယ်စပ်ကတစ်ဆင့် အမေရိကန်ထဲ တရားမဝင် ဝင်ရောက် လာသူများကို တားဆီးရေးကိစ္စသည် နိုဝင်ဘာတွင်ကျင်းပမည့်  သမ္မတ ရွေးကောက်ပွဲအတွက် အဓိကအရေး ကြီးသည့် ကိစ္စတစ်ခုဖြစ်ခြင်းကြောင့် သမ္မတအရွေးခံကြမည့် ယင်းတို့နှစ်ဦး လုံးသည် နယ်စပ်ဒေသကို သွားရောက် ကြခြင်းဖြစ်သည်။

သမ္မတဘိုင်ဒင်သည် ယခုနှစ်ပိုင်း အတွင်း တရားမဝင်ဝင်ရောက်လာ သူများ သိသာစွာနည်းပါးလာသည့် ဘရောင်းစ်ဗီလီမြို့ကို သွားရောက်ပြီး အမေရိကန်အကောက်ခွန်၊ နယ်စပ်လုံခြုံရေး၊လူဝင်မှုကြီးကြပ်ရေးဌာနတာဝန်ရှိသူများ၏ တင်ပြချက်များကို နားထောင်ကာ မိန့်ခွန်းပြောကြား ကြောင်း အိမ်ဖြူတော်ကသတင်းထုတ် ပြန်သည်။ရီပက်ဘလစ်ကန်ပါတီ၏ သမ္မတ လောင်းဖြစ်ရန် သေချာနေသည့်ထရမ့်ကမူ တရားမဝင် ဝင်ရောက်သူအများဆုံး ဖြစ်လာသည့် အီဂဲလ်ပတ်စ်မြို့ကို သွား ရောက်ကြောင်း သိရသည်။လက်ရှိတွင် ရွေးကောက်ပွဲလုပ်မည့် နှစ်အတွင်း အမေရိကန်နယ်စပ်များပိုမိုလုံခြုံစေရန် အသုံးစရိတ်ပိုသုံးစွဲမည့် ဥပဒေကြမ်းများကို အတည်ပြုနိုင်ရေးအောက်လွှတ်တော်ရီပက်ဘလစ်ကန် အမတ်များက စည်းရုံးဆွဲဆောင်နေကြ သည်။                             



(ref:AFP)






အခြားဆက်စပ်သတင်းများ