နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်းနိုင်ငံတွင် ဆေးခြောက်အသုံးပြုမှုဥပဒေသစ် ယခုနှစ်မကုန်မီအတည်ပြုမည်

ဘန်ကောက်၊ မတ် ၂


ထိုင်းနိုင်ငံတွင်  ဆေးခြောက်ကို အပန်းဖြေရန်အသုံးပြုမှုများအား ယခု နှစ်ကုန်အထိ   တားမြစ်မည်ဖြစ်ပြီး ဆေးဘက်ဆိုင်ရာများအတွက် သုံးစွဲခွင့် ဆက်လက်ခွင့်ပြုထားမည်ဖြစ်ကာ ဆေး ခြောက်အသုံးပြုမှု ဥပဒေသစ်ကို ယခုနှစ် မကုန်မီ  အတည်ပြုမည်ဖြစ်ကြောင်း    ကျန်းမာရေးဝန်ကြီး ချိုလ်နန်ဆရီကအော်  က မတ် ၁ ရက်တွင် ပြောသည်။

ဥပဒေမူကြမ်းအရ ဆေးခြောက်ကိုအပန်းဖြေအသုံးပြုမှုအတွက် ဒေါ်လာ ၁,၇၀၀ အထိ ဒဏ်ငွေသတ်မှတ်ထားပြီး ဆေးခြောက်သုံးရန် ကိရိယာများဖန်တီး ခြင်း၊ ကြော်ငြာခြင်း၊ ဈေးကွက်ချဲ့ထွင် ခြင်းများအတွက် ထောင်ဒဏ်တစ်နှစ် နှင့် ငွေဒဏ်ဒေါ်လာ၂,၈၀၀အထိ ချမှတ် မည်ဖြစ်သည်။လိုင်စင်မရှိဘဲ ဆေးခြောက်စိုက်ပျိုး ပါက ဒဏ်ငွေ ဒေါ်လာ ၅၆၀ မှ ဒေါ်လာ၈, ၀၀၀အထိလည်းကောင်း၊ ထောင်ဒဏ် တစ်နှစ်မှသုံးနှစ်အထိ လည်းကောင်း ချမှတ်မည်ဖြစ်ကာ ယင်းဥပဒေမူကြမ်း ကို မကြာမီပြုလုပ်မည့်လွှတ်တော်တွင် တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသည် ၂၀၁၈  ခုနှစ်က စ၍ ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာ အသုံးပြုမှုခွင့်ပြုသည့် ပထမဆုံးအရှေ့ တောင်အာရှနိုင်ငံဖြစ်လာပြီး၂၀၂၂ခုနှစ် တွင် အပန်းဖြေအသုံးပြုရန်စတင်ခွင့်ပြု ခဲ့ကာ လက်ရှိတွင် ဆေးခြောက်သုံးစွဲမှု ကို ထိန်းချုပ်နိုင်မည့်ဥပဒေအသစ်ရေးဆွဲအတည်ပြုရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။



(ref: CNA)






အခြားဆက်စပ်သတင်းများ