နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မီချီဂန်နှင့် အိုဟိုင်းယိုး ပြည်နယ်များတွင် လျှပ်စစ်မီးများ ပြတ်တောက်နေ

ဝါရှင်တန်၊မတ် ၁


အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုး ပြည်နယ်နှင့် မီချီဂန်ပြည်နယ်များတွင် ပြင်းထန်သည့်မုန်တိုင်းများ တပြိုင် တည်း တိုက်ခတ်ခြင်းကြောင့် နေရာအနှံ့ ပျက်စီးပြီး လူထောင်ပေါင်းများစွာ လျှပ်စစ်မီးပြတ်တောက်နေကြောင်း သိရသည်။

 အိုဟိုင်းယိုးပြည်နယ်၊ ကလာ့ခ် မြို့နယ်တွင် ပျက်စီးသွားသည့် အိမ် များနှင့်အမြစ်ကကျွတ်ထွက်နေသည့် သစ်ပင်များကို မြင်တွေ့ရပြီး မီချီဂန် ပြည်နယ် ဂရန်းဒ်ဘလန့်စ်မြို့တွင် မုန်တိုင်းကြောင့် မော်တော်ယာဉ် အစိတ်အပိုင်း ဖြန့်ဖြူးရေးဂိုဒေါင် အပါ အဝင် ဒေသတွင်း အဝေး ပြေးလမ်းမကြီး တလျှောက်ရှိ စက်မှုအဆောက်အအုံ များ ပြိုကျသွားကြောင်း သိရသည်။

ဂရန်းဒ် ဘလန့်ခ်မြို့ ရဲတပ်ဖွဲ့ကမူ မြို့အတွင်း ကင်းလှည့်နေစဉ် လေဆင် နှာမောင်း တိုက်သွားသည်ကို မြင်တွေ့ ရကြောင်း၊ လက်ရှိအချိန်အထိ ထိခိုက် ဒဏ်ရာရ သေဆုံးမှု သတင်းများ မကြား ရသေးကြောင်း ပြောသည်။ 

လေဆင်နှာမောင်းဖြစ်ပေါ်နိုင်ရန် အလားအလာရှိသည့် မုန်တိုင်းလှိုင်း များသည် အမေရိကန် အနောက် အလယ်ပိုင်းမှ အရှေ့မြောက်ပိုင်း အထိ ဒေသတလျှောက် ဖြတ်သန်း သွားကြောင်း Accuweather မိုးလေ ဝသဌာနက  ထုတ်ပြန်ထားသည်။





(ref: Reuters)







အခြားဆက်စပ်သတင်းများ