နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီးယူတွင် ခိုလှုံခွင့်လျှောက်ထားမှုများ ပိုမိုမြင့်တက်

ဘရပ်ဆဲလ်၊မတ် ၁


ဥရောပသမဂ္ဂတွင် ခိုလှုံခွင့်လျှောက် ထားမှုသည် ၂၀၂၃ ခုနှစ်တွင် ၁ ဒသမ ၁၄ သန်းအထိရှိလာပြီး ၁၈ ရာခိုင်နှုန်း မြင့်တက်လာကာ ၂၀၁၅-၂၀၁၆ ရွှေ့ပြောင်းအခြေချ အကျပ်အတည်း နောက်ပိုင်း အမြင့်ဆုံးအဆင့် ဖြစ်လာ ကြောင်း ဥရောပသမဂ္ဂအေဂျင်စီ၏ အချက်အလက်များအရ သိရသည်။

၂၀၁၅-၂၀၁၆ ခုနှစ် ရွှေ့ပြောင်း အခြေချမှု အကျပ်အတည်းကြောင့် သိန်းချီသည့် ရွှေ့ပြောင်း နေထိုင် သူများသည် ဥရောပအရှေ့တောင်ပိုင်း ကိုဖြတ်ကျော်နေကြပြီး အာရှနှင့်အရှေ့ အလယ်ပိုင်း စစ်ပွဲများမှ ထွက်ပြေးလာ သည့် ရွှေ့ပြောင်းအများအပြားသည် အီးယူနိုင်ငံများထံ ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ခိုလှုံခွင့်လျှောက်ထားသူ အရေအတွက်တွင် ယူကရိန်း-ရုရှား အရေးကြောင့် ခိုလှုံရန် ကြိုးပမ်းသူ ယူကရိန်း နိုင်ငံသား ၄ ဒသမ ၄ သန်း ရှိနေကြောင်း ဥရောပသမဂ္ဂအေဂျင်စီက ထုတ်ပြန်သည်။

၂၀၁၅-၂၀၁၆ ခုနှစ် ရွှေ့ပြောင်း အကျပ်အတည်းနောက်ပိုင်းကစပြီး ဥရောပသမဂ္ဂသည် ပြင်ပနယ်နိမိတ် များ၏ ခိုလှုံခွင့်ဥပဒေများကို တင်းကျပ် ထားပြီး အရှေ့အလယ်ပိုင်း၊ မြောက် အာဖရိကတို့နှင့် သဘောတူညီချက် များကိုလည်း ချိုးဖောက်ထား ကြောင်း သိရသည်။                                     




(ref:AFP)







အခြားဆက်စပ်သတင်းများ