နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိမ်ခြံမြေဆိုင်ရာစည်းမျဉ်းများ ဟောင်ကောင် ပယ်ဖျက်

ဟောင်ကောင်၊ မတ် ၁


တရုတ်(ဟောင်ကောင်)တွင် အရောင်းအဝယ်ငြိမ်သက်နေသော အိမ်ခြံမြေစျေးကွက်ကို မြှင့်တင်ရန် အတွက် အိမ်ခြံမြေနှင့်ပတ်သက် သည့် တင်းကြပ်ထားသော စည်းကမ်း သတ်မှတ်ချက်များကို ပယ်ဖျက် လိုက်ကြောင်း ဟောင်ကောင်က ဖေဖော်ဝါရီ ၂၉ ရက်တွင် ကြေညာ လိုက်သည်။

ဟောင်ကောင်တွင် အိမ်ခြံမြေ အရောင်းအဝယ်အပေါ် ကောက်ခံ သည့် အခွန်၊ အိမ်ခြံမြေရင်းနှီးမြှုပ်နှံ မှုဆိုင်ရာ ယုံကြည်မှု REITနှင့် လူနေ အိမ်ရာများအတွက်ဝယ်လိုအား အခြေပြုစီမံခန့်ခွဲမှုရေး လုပ်ထုံး လုပ်နည်းအားလုံးကို ပယ်ဖျက်သွား မည် ဖြစ်ကြောင်း ဟောင် ကောင်ဒေသ ဘဏ္ဍာရေးအတွင်းဝန် ပေါလ်ချန်က ပြောသည်။

 ယင်းသို့ ပယ်ဖျက်ရာတွင် နိုင်ငံခြား ဝယ်ယူသူများကို အရောင်းအဝယ် အခွန်ကောက်ခံမှု၊ နောက်ထပ် အိမ်ခြံ မြေထပ်မံဝယ်ယူမှုနှင့်တိုက် ခန်းများ ဝယ်ယူပြီးနောက် နှစ်နှစ် အတွင်းရောင်းချ မှုများတွင်ပါ အရောင်း အဝယ်ခွန် ကောက်ခံမှုကို ပယ်ဖျက်မည် ဖြစ်ကြောင်း သိရသည်။

 ငွေလုံးငွေရင်း ရင်းနှီးမြှုပ်နှံမှု၊စီးပွား ရေးလုပ်ငန်းနှင့်ခရီးသွားများ တရုတ် ဟောင်ကောင်ဒေသကို ပြန်လည် ဝင် ရောက်လာစေရန် အိမ်ခြံမြေ ပိုင်ဆိုင်မှု၊ ခရီးသွားလုပ်ငန်း၊ ဘဏ္ဍာရေးဝန်ဆောင် မှုလုပ်ငန်းနှင့်ပတ်သက်သည့် လုပ်ထုံး လုပ်နည်း အသစ်များကိုလည်း ကြေညာ ထားပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် တရုတ် ဟောင်ကောင်အနေ ဖြင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရန်အတွက် လစဉ် မီးပန်းအလှပြပွဲ ၊ ဗစ်တိုးရီးယား ဆိပ်ကမ်းတွင် ဒရုန်းအလှပြပွဲများ အပါ အဝင်ကြီးမားသည့် ပြပွဲအခမ်းအနား ပေါင်း ၈၀ ကျော်ကို ယခုနှစ် ပထမ နှစ်ဝက်အတွင်း ကျင်းပပြုလုပ်သွား မည် ဖြစ်ကြောင်း သိရသည်။





(ref: AFP)






အခြားဆက်စပ်သတင်းများ