နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သွေးလွန်တုပ်ကွေးနှိမ်နင်းရန် မျိုးဗီဇပြုပြင်ထားသည့် ခြင်များကို ဘရာဇီး စေလွှတ်

ရီယိုဒီဂျနေးယိုး၊မတ် ၁


 ဘရာဇီးနိုင်ငံတွင် သွေးလွန် တုပ်ကွေး ရောဂါဖြစ်ပွားမှု မြင့်တက် နေခြင်းကြောင့် ဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုကို လျှော့ချရန် ဗြိတိန်ဇီဝနည်း ပညာကုမ္ပဏီ Oxitec က မျိုးရိုး ဗီဇပြုပြင်ထားသည့်ခြင်များကို စေလွှတ် ပေးထားကြောင်း သိရသည်။

Oxitec ကုမ္ပဏီသည် အရွယ် မရောက်မီ သေဆုံးစေသည့် မျိုးဗီဇရှိ သော အေဒီးစ်ခြင်အထီးမျိုးကို တီထွင် လိုက်ခြင်းဖြစ်ပြီး ပြုပြင်ဖန်တီးထား သည့် ခြင်ထီးများကို ခြင်အမများရှိသည့် သတ်မှတ်ဒေသတွင် လွှတ်ပေးမည် ဖြစ်ကာ ယင်းတို့ ပွားများလာပါက ရောဂါဖြစ်နိုင်သော ခြင်ကောင်ရေများ လျော့နည်းသွားမည်ဟု ဆိုသည်။

ဘရာဇီးတွင် မိုးကာလပူပြင်း မှုကြောင့် ၂၀၂၄ ခုနှစ် အစောပိုင်းလ များတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ် ပွားမှုကို ကိုင်တွယ်ဖြေရှင်းရလေ့ရှိပြီး ဖေဖော်ဝါရီ ၂၈ ရက်အထိ တစ်နိုင်ငံ လုံး သွေးလွန်တုပ်ကွေးကူးစက်သူ ၉၇၀,၀၀၀ ကျော်ရှိကြောင်းကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။

Oxitec က ဖန်တီးထားသည့် ခြင်ထီး လွှတ်ပေးထားသည့်ရပ်ကွက်သည် မလွှတ်ပေးရသေးသည့် ရပ်ကွက်ထက် ခြင်ကောင်ရေ ၉၀ ရာခိုင်နှုန်းအထိ နည်းပါးကြောင်း ကုမ္ပဏီက ပြော   သည်။                                             




(ref:AP)







အခြားဆက်စပ်သတင်းများ