နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ကိုရီးယား ကျန်းမာရေးကဏ္ဍအတွက် စစ်ဘက်နှင့်ရပ်ရွာဆရာဝန်များ အရေးပေါ်တာဝန်ပေးမည်

ဆိုးလ်၊မတ် ၁

အလုပ်သင်ဆရာဝန်များ လုပ်ငန်း ခွင်မှ အစုလိုက်အပြုံလိုက် ထွက်ခွာ သွားခြင်းကြောင့် တောင်ကိုရီးယားတွင် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်အဖြစ် စစ်တပ်နှင့် ရပ်ရွာ အခြေပြု ဆရာဝန်များကို မတ်လကစပြီး ဆေးရုံများတွင် တာဝန်ပေးအပ်မည်ဖြစ် ကြောင်း တောင်ကိုရီးယားဝန်ကြီးချုပ် ဟန်ဒပ်ဆိုးက ပြောသည်။

အလုပ်သင် ဆရာဝန်များကိုဖေဖော် ဝါရီ ၂၉ ရက် နောက်ဆုံးထား၍ လုပ်ငန်း ခွင်ပြန်ဝင်ရန် ပန်ကြားထားသော်လည်း ယင်းတို့သည် ဆန္ဒပြနေဆဲဖြစ်ရာ စစ်မှု မထမ်းမနေရ ဥပဒေအရနယ်မြေခံ ဆေးခန်းများတွင် တာဝန်ထမ်းဆောင် နေသည့် စစ်ဘက်ဆရာဝန်များနှင့် ရပ်ရွာ ဆရာဝန်များကို မတ်လကစပြီး ဝန်ဆောင်မှု ပြတ်တောက်သွားသည့် ဆေးရုံများတွင် ခန့်အပ်သွားမည်ဖြစ် ကြောင်း သိရသည်။

လုပ်ငန်းခွင်ပြန်ဝင်ရန် အမိန့်ကို မလိုက်နာသည့် ဆရာဝန်များကို လိုင်စင် ဆိုင်းငံ့ထားပြီး တရားစွဲဆိုမှုများပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထဲ ရေးနှင့် ဘေးကင်းရေးဝန်ကြီး လီဆန်မင်က သတိပေးထားသည်။                                                                                            





(ref:CNA)






အခြားဆက်စပ်သတင်းများ