နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အယ်ဒီတာ့အာဘော်

လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် လူငယ်တို့သည်  လူငယ်ဘဝဉာဏ်ပညာထက်မြက်ရေးကို ဆောင်ရွက်ကြသကဲ့သို့ အပျော်အပါးများကိုလည်း နှစ်သက်မက် မောတတ်ကြ၏။ ထိုအပျော်အပါးကို ဆင်ခြင်တုံတရားထား၍ အတိုင်းအတာအကန့်အသတ်ဖြင့် ပျော်ပါးကြဖို့သာဖြစ်သည်။

အချို့လူငယ်လူရွယ်တို့မှာ ငွေကြေးတတ်နိုင်ခြင်း၊ မိဘအုပ်ထိန်း သူတို့တာဝန်မဲ့မှုနှင့် ကာယကံရှင်ကိုယ်တိုင် သတိလက်လွတ်    သားကောင်ဖြစ်သွားရသည်။

ပြည်မြို့နယ်နှင့်မင်းလှမြို့နယ်တို့တွင် ငွေကျပ် ၃ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရှုးသွပ်ဆေးပြား ၁၆ ဒသမ ၅ သိန်းဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိရသည်။ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများသည် ရန်ကုန်တိုင်းဒေသကြီးမှ ရခိုင် ပြည်နယ်စပ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း ပြစ်မှု ကျူးလွန်သူများနှင့်ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဥပဒေအရ ဆက်လက်စစ်ဆေးဖော်ထုတ်အရေးယူလျက်ရှိသည်။

 လူငယ်တို့ကို ဖျက်ဆီးမည့်နယ်စပ်မှဝင်ရောက်လာသည့် မူးယစ်ဆေးဝါးများတွင်ပါဝင်သော စိတ်ကြွရူးသွပ်ဆေးပြားများ သည် လူငယ်ထုဖြစ်သော အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း စိမ့်ဝင် ပျံ့နှံ့လျက်ရှိရာ ကင်ဆာရောဂါကဲ့သို့ စိမ့်ဝင်ပျံ့နှံ့လျက်ရှိသည်။

 လူငယ်ဟူသည် တက်ကြွ၏။ ရွှင်လန်း၏။ ဖျတ်လတ်၏။ ဉာဏ်ပညာထက်မြက်၏။ ထို့ကြောင့် လူငယ်တို့သည် အနာဂတ်၏ ပန်းကောင်းအညွန့်များဟု တင်စားခေါ်ဆိုကြသည်။ အနာဂတ် မျိုးဆက်သစ်များ အညွန့်တလူလူဖြင့် ဆက်လက်ထွန်းတောက်စေ ရန် လမ်းမှားသို့မရောက်စေရန် ကျွန်ုပ်တို့အားလုံး ဝိုင်းဝန်းဆောင် ရွက်ကြရမည်သာဖြစ်သည်။ ပန်းကောင်းအညွန့်ချိုး၍ အနာဂတ်၏ အဖူးအညွန့်များ မညှိုးရအောင် အမျိုးသားကိုယ်ခံစွမ်းအား၊ အမျိုး သားရေးကာကွယ်တိုက်ဖျက်မှုတို့ကို ပိုမိုမြှင်တင်ဆောင်ရွက်ကြရ မည်ဖြစ်သည်။

ပညာရေးဝန်ကြီးဌာနအခြေခံပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့်မြန်မာနိုင်ငံဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ ဘတ်စကက်ဘော၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်အဖွဲ့ချုပ်များနှင့် ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၄ ခုနှစ်၊ ကာယပညာနှင့်အားကစားနည်းပြမွမ်းမံသင်တန်း (၁/၂၀၂၄) ဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၉ ရက်က လယ်ဝေးမြို့အားကစားလေ့ကျင့်ရေး စခန်းအမှတ် (၂) တွင် ကျင်းပသည်။ လူငယ်ထူးချွန်အားကစားသမား များ ပေါ်ထွန်းလာရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်မှ ကာကွယ်ရေး တွင် အထောက်အပံ့ဖြစ်စေသည်။

 လူငယ်၊လူရွယ်များ လမ်းမှားသို့မရောက်ရှိစေရေး ကယ်တင် စောင့်ရှောက်ကြရမည်မှာ ကျွန်ုပ်တို့အားလုံး၏ တာဝန်သာဖြစ် ကြောင်း။    ။







အခြားဆက်စပ်သတင်းများ