နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်တွင် AI ပညာရေးအတွက် အခြေခံကျောင်း ၂၀၀ နီးပါး ရွေးချယ်

 ပေကျင်း၊ဖေဖော်ဝါရီ ၂၆


 AI ပညာရေးကို ပိုမိုကောင်းမွန်စွာ မြှင့်တင်နိုင်ရန် နိုင်ငံအတွင်းရှိကျောင်း ပေါင်း ၂၀၀ နီးပါး၌ ဉာဏ်ရည်တု (AI) နည်းပညာကို အခြေခံပညာရေး သင်ကြားမှုအဖြစ်ရွေးချယ်ထား ကြောင်း တရုတ်နိုင်ငံ ပညာရေးဝန်ကြီး ဌာနက ဖေဖော်ဝါရီ ၂၅ ရက်တွင် ထုတ်ပြန်သည်။
AI အခြေခံပညာရေးစနစ်အဖြစ် မူလတန်းနှင့်အလယ်တန်းကျောင်း ၁၈၄ ကျောင်းကို ရွေးချယ်ထားပြီး အဆိုပါကျောင်းများတွင် သတင်း အချက်အလက်နည်းပညာ၊ အထွေထွေ နည်းပညာနှင့်အခြားဆက်စပ် သင်တန်းများကို အဓိကထား၍ ပညာရေးနှင့်သင်ကြားရေး အရင်းအမြစ် များ ပိုမိုကြွယ်ဝလာစေရန် ဆောင်ရွက် မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန က ပြောသည်။
AI ပညာရေးကို အကောင်အထည် ဖော်ရာတွင် AI အခြေပြု သင်ရိုး ညွှန်းတမ်းများရေးဆွဲခြင်း၊ သင်ကြား ရေး နည်းစနစ်များ ပြုပြင်ပြောင်းလဲခြင်း၊ ဒစ်ဂျစ်တယ် ပညာရေး အရင်းအမြစ်များ ပူးတွဲတည်ဆောက်ခြင်းနှင့် မျှဝေခြင်း တို့ကိုပါ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဆရာ/ဆရာမများအတွက် ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ တတ် မြောက်မှုများ ပိုမိုအားကောင်းစေရန် လည်း ဆောင်ရွက်မည်ဖြစ်ရာ ဌာန ပေါင်းစုံက ဝိုင်းဝန်းပံ့ပိုးပေးစေလို ကြောင်း ပညာရေးဝန်ကြီးဌာနကတိုက် တွန်းထားသည်။             

(ref:CMG)






အခြားဆက်စပ်သတင်းများ