နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူငယ်နှင့်ယဉ်ကျေးလိမ္မာရေး

နိုင်ငံ၏အနာဂတ်ပိုင်ဆိုင်ထားကြသူများသည် ယနေ့လူငယ် လူရွယ်များဖြစ်သည်။ တစ်ချိန်က လူငယ်များသည် မိမိတို့၏စွမ်းရည် ရှိသလောက်၊ ထူးချွန်ထက်မြတ်မှုကြီးမားသလောက် မျက်မှောက် ကာလကို ပုံဖော်ထုဆစ်နိုင်ကြသည်။ ယနေ့လူငယ်များသည် အနာဂတ် ကို ပုံဖော်ထုဆစ်ကြမည့်သူများဖြစ်သည်။ မိမိတို့တွင် အရည်အချင်း ရှိမှ၊ ထူးချွန်ထက်မြက်မှ၊ ကိုယ်ကျင့်တရားကောင်းမှ မိမိတို့အနာဂတ်မှာ သာယာလှပမည်။ တိုးတက်မြင့်မားမည်ဖြစ်သည်။
 လူငယ်လူရွယ်များကို ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းများမြင့်မားအောင် ပြုပြင်ထိန်းကျောင်း ပါက ယင်းကျင်လည်ရာပတ်ဝန်းကျင်တွင် နာမည်ဂုဏ်သတင်းမွှေးပျံ့ နေမည်ဖြစ်သည်။ မိမိ၏ဂုဏ်သတင်းသည် မိမိမိသားစု၏ဂုဏ်သတင်း ဖြစ်သည်။ မိမိသားသမီး၏ ဂုဏ်သတင်းဖြစ်သည်။
 ယနေ့လူငယ်လူရွယ်များသည် စာတော်ကြသည်။ ထူးချွန် ထက်မြက်ကြသည်။ သို့သော် စာရိတ္တနှင့်ယဉ်ကျေးမှုပိုင်းဆိုင်ရာတို့တွင်များစွာ ယိုးယွင်းလာသည်ဟု  ထင်မြင်ယူဆမိပါသည်။ ဘုရားကျောင်းကန်နှင့် စိမ်းလာသည်။ အနောက်တိုင်းယဉ်ကျေးမှုကို မတ်မောပြီး၊ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ခုံမင်မှုမရှိတော့ပါ။ကိုယ်ပိုင် ယဉ်ကျေးမှုအပေါ် တန်ဖိုးထားမှု လျော့နည်းလာလျှင် အမျိုးသားရေး စိတ်ဓာတ်ချည့်နဲ့ အားနည်းသွားမည်ဖြစ်သည်။
နေပြည်တော်ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်တောရ (မြို့တော် ဝန်ကျောင်း)၌ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာနည်းပြ ဆရာမွမ်းမံသင်တန်း (၇၉/၂၀၂၄) ဆင်းပွဲကို ဖေဖော်ဝါရီ ၂၅ ရက်က မြို့တော်ဝန်ကျောင်းသီရိမင်္ဂလာဗိမာန်တော်၌ ကျင်းပခဲ့သည်။
 ယဉ်ကျေးလိမ္မာသင်တန်းတွင် မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံ များ မပျောက်ပျက်အောင်  ထိန်းသိမ်းစောင့်ရှောက်ပေးသော မွန်မြတ် သည့်လုပ်ငန်းကြီးလည်းဖြစ်သည်။   သင်တန်းများကို နွေရာသီ ကျောင်းပိတ်ရက်များတွင်  အခြေအနေအချိန်အခါပေါ်မူတည်၍ ယဉ်ကျေးလိမ္မာသင်တန်းများ မြန်မာပြည်အနှံ့အပြားတွင် ဖွင့်လှစ်ကြ မည်ဖြစ်သည်။
သို့ဖြစ်ရာအနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ် များအနေဖြင့်တော်ရုံ တက်ရုံသာမက ကိုယ်ကျင့်တရားကောင်းမွန် ပြီး ယဉ်ကျေးလိမ္မာသည့် သားကောင်းရတနာများဖြစ်အောင် ကြိုးပမ်း အားထုတ်စေချင်ကြောင်း။     ။






အခြားဆက်စပ်သတင်းများ