နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မကောင်းမှုရှောင်၊ ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား

 ဗုဒ္ဓဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့်နေ့ တွင် ဘုရားဖြစ်တော်မူသည်။ ဗုဒ္ဓဘုရားရှင်သည် ဘုရားဖြစ်တော်မူ ပြီး ခုနစ်လအကြာတွင် ဩဝါဒပါတိမောက်ကို ဟောတော်မူ၏။ ထိုနေ့သည် တပို့တွဲလပြည့်နေ့ဖြစ်သည်။ ဗုဒ္ဓသည် ဝါတော် ၂၀ အထိ မည်သည်ကိုမလုပ်ရ၊ မပြောရ၊ မနေထိုင်ရစသည့် စည်းကမ်း (ရဟန်းတော်များ စောင့်ထိန်းရသည့် ဝိနည်းတော်များ)ကို ပညတ်မှု မပြုသေးပေ။ ထိုစည်းကမ်းဝိနည်းကို အာဏပါတိမောက်ဟု ခေါ်၏။
ထိုကြားကာလ ပဉ္စဝဂ္ဂီ ၅ ဦး၊ ရှင်ယသနှင့် ‌ရောင်းရင်း ၆ ကျိပ်၊ ဘဒ္ဒဝဂ္ဂီညီနောင် ၃ ကျိပ်၊ ရသေ့ညီနောင်ရှင် တစ်ထောင်၊ ပရိဗိုဇ် ပေါင်း နှစ်ရာ့ငါးဆယ် (ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလန်နှင့် နောက်လိုက် နှစ်ရာ့ငါးဆယ်) စုစုပေါင်း ရဟန်းတော် ၁၂၅၀ တို့ အလယ်တွင် "ခန္တီပရမံတပေါတိ တိက္ခာ အစချီသော ဩဝါဒ ပါတိမောက်သုံးပိုဒ်ကို ဟောကြားတော်မူသည်။
မြန်မာပြည်အနှံ့ဘုရားစေတီ၊ သာသနိက အဆောက်အဦများ တွင် ဩဝါဒပါတိမောက်ကျောက်စာဟု တွေ့မြင်ဖူး‌မြော်ကြရပါ မည်။ ပိဋက သုံးပုံအနှစ်ချုပ်ဟု ဆရာတော်ကြီးများက လမ်းညွှန်မှု ဖြင့် အလှူရှင်များက လှူဒါန်းကြသည်။ ထိုဩဝါဒ ကျောက်စာ အကျဉ်းချုပ်မှာ "မကောင်းမှုရှောင်၊ ကောင်းမှုဆောင် ဖြူအောင် စိတ်ကိုထား"  ဖြစ်သည်။  စိတ်ထားသို့  ကူးလူးဆက်သွယ် အကောင်အထည်ဖော်ရန်သာ ဖြစ်သည်။
မျက်မှောက်ကမ္ဘာကြီးသည် ဆုပ်ကပ်အတွင်း ရောက်နေပြီဖြစ် သည်။ သိပ္ပံခေတ်သည် တိုးတက်ခဲ့သည်မှန်သော်လည်း လူတို့၏ ကျင့်ဝတ်သိက္ခာစောင့်စည်းမှု အားနည်းခြင်းကြောင့် ရောဂါများ ထူပြောခြင်း၊ စစ်မက်ဖြစ်ပွားခြင်း၊ အစာရေစာရှားပါးခြင်းစသော ဘေးပယောဂများ ကျရောက်လျက်ရှိသည်။
လူသားအားလုံးတို့သည် ပုထုဇဉ်များဖြစ်ကြရာ အမျက်ဒေါသ၊ အမိုက်အမှောင်တရား၊ အနည်းနှင့် အများရှိကြ၏။ အမျက်ဒေါသကို စွန့်ပယ်နိုင်လျှင် မည်သည့်အခါမှ ဝမ်းမနည်းရဟု လောကနီတိက ဆိုသည်။
မိမိမလိုလားအပ်သော အရာတို့အပေါ် ချုပ်တည်းခြင်းသည် ထာဝရပျော်ရွှင်ခြင်းကို ဖြစ်စေ၏။ လောဘ၊ ဒေါသ၊ မောဟမီး တို့ကို မချုပ်တည်းနိုင်ပါက စိတ်ကြမ်း၊ ကိုယ်ကြမ်း၊ စိတ်ထောင်း ကိုယ်ကြေ၏။ သို့ဖြစ်ရာ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထားခြင်းဖြင့် ကြီးပွားတိုးတက်ကြကုန်၏။






အခြားဆက်စပ်သတင်းများ