နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘဝတွက်တာ အရေးကြီးရာ မိခင်နို့ချို တိုက်ကျွေးပါ

မြန်မာနိုင်ငံရှိ သန်း ၆၀ ခန့်ရှိသော လူဦးရေစုစုပေါင်းအနက် ၆၀ ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့်ကလေးသူငယ်များဖြစ်ကြသည်။ ယင်းတို့အနက် ၁၁ ဒသမ ၇ ရာခိုင်နှုန်းမှာ ငါးနှစ်အောက်ကလေးငယ် များဖြစ်ကြပြီး ၄၈ ဒသမ ၃ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ကြ သည်။

 အနာဂတ်၏သားကောင်းရတနာများသည် ယနေ့ကလေးသူငယ် များသာဖြစ်သည်။ အဆိုပါကလေးငယ်များ အာဟာရဖွံ့ဖြိုးကာ ဉာဏ်ရည်တိုးမှသာ သားကောင်းရတနာလေးများအမှန်ဖြစ်လာ မည်။ ဉာဏ်ရည်ဖြစ်ထွန်းသော ကလေးငယ်များအောင်မြင်ရေး အတွက် ကိုယ်ဝန်ဆောင်မိခင်များက အဓိကကျသည်။ မိခင်များ၏ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ရမည်ဖြစ်သည်။

သတ္တဝါမှန်သမျှသည် အာဟာရပေါ်တွင်တည်မှီသည်။ အာဟာရ ကင်း၍ အသက်ရှင်သန်နိုင်ခြင်းမရှိပေ။ ကျန်းမာရေးဝန်ကြီးဌာန သည် လူတိုင်းလက်လှမ်းမီ ကျန်းမာရေးစောင့်ရှောက်မှုလွှမ်းခြုံ နိုင်ရေး‌ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နေရာဒေသတိုင်း  လွှမ်းခြုံ မှုအထူးမြင့်မားစေရန်အတွက် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းကျန်းမာ‌ရေးလုပ်သားများ၊ အစိုးရမဟုတ်သော လူမှုရေး အဖွဲ့အစည်းများက တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်    လိုအပ်သည်။

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ဒေါက်တာဒေါ်စန်းစန်းမြင့်အောင်နှင့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါ်ဖြူဖြူစိန်နှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဌေးလွင်၊ ခရိုင် ၁၄ ခရိုင် အမျိုးသမီးရေးရာ နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌများနှင့် တာဝန် ရှိသူများက ဗိုလ်ချုပ်ပြတိုက်လမ်းရှိ ဒေါ်ခင်ကြည်ဆေးရုံး၌ မျက်စိ ခွဲစိတ်ကုသလူနာများအား ထောက်ပံ့ငွေများနှင့်အာဟာရ မုန့်၊ အအေး များ ထောက်ပံ့ပေးအပ်ခဲ့သည်။

 ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးဖွားလာသောကလေးငယ် များ မွေးစ၊ ခြောက်လအရွယ်ထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးရန်လိုအပ်သည်။ ရင်သွေးငယ်များ အာဟာရချို့တဲ့မှု ကြောင့် အသက်မဆုံးရှုံးစေရေးနှင့် အာဟာရပြည့်ဝရေးတို့အပြင် ရင်သွေးငယ်၏ ဖွံ့ဖြိုးတိုးတက်မှုအရှိန်ကို မြှင့်တင်ပေးနိုင်သည်။ စရိတ်ကျဉ်းသော မိခင်နို့စနစ်ကျတိုက်ကျွေးခြင်း၊ ကလေးငယ်များ ကို စနစ်တကျ အစာကျွေးခြင်းတို့သည် အနာဂတ်တွင် ကျန်းမာ ကြံ့ခိုင်သော ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်သည့် သားသမီးရတနာများပါ်ထွန်းလာအောင် ဆောင်ရွက်ပေးသည့် လုပ်ငန်းဖြစ်သည်။

ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ကျန်းမာသောမိခင်များဖြစ်လာ စေရန်မှာ အသက်အရွယ်အလိုက် အာဟာရပြည့်ဝကာမျှတစွာ စားသုံးခြင်း၊ အနေအထိုင်မှစ၍ လိုက်နာဆောင်ရွက်နိုင်အောင် ပြုစုထိန်းသိမ်းခြင်းကို ကျန်းမာရေးဝန်ထမ်းများနှင့်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ မိသားစုအသိုင်းအဝိုင်းများ ကပါ အထူးဂရုပြုဆောင်ရွက်စေချင်ကြောင်း။     







အခြားဆက်စပ်သတင်းများ