နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဟာရပြည့်ဝစွာစားသုံးရေး

အာဟာရချို့တဲ့မှုသည် ဆင်းရဲနွမ်းပါးမှု၊ ဝင်ငွေနည်းပါးမှု၊ စားနပ် ရိက္ခာပြတ်တောက်မှုတို့နှင့်ဆက်စပ်နေသော်လည်း တစ်ခါတစ်ရံ တွင် စားသောက်မှုပုံစံမမှန်ခြင်းကြောင့် အာဟာရချို့တဲ့မှုဖြစ်ပေါ် ခြင်းကိုတွေ့ရသည်။

 သက်ရှိသတ္တဝါများ ရှင်သန်နိုင်ရေးနှင့်ခန္ဓာကိုယ်ကျန်းမာ ကြံ့ခိုင်ရေးတို့အတွက် အာဟာရဓာတ်များလိုအပ်သည်။ နေ့စဉ် အစားအစာများစားသုံးရာတွင် အစာအုပ်စု ၃ စုမှ စုံစုံလင်လင်နှင့် မျှတစွာပါဝင်ရန်လိုအပ်ကြောင်း၊ ကျန်းမာရေးနှင့်အာဟာရဆိုင်ရာ ပညာရှင်များက လမ်းညွှန်ထားသည်။

 မိမိတို့နိုင်ငံတွင် လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက် ဒေသတွင်နေထိုင်လျက်ရှိကြသည်။ ကျန်းမာရေးနှင့်အာဟာရ ဆိုင်ရာဗဟုသုတများနှင့် အလှမ်းဝေးမှု၊ ဝင်ငွေအခွင့်အလမ်းနည်းပါးမှု ကဲ့သို့သော အားနည်းချက်များရှိသော်လည်း စိုက်ပျိုးမွေးမြူနိုင်သည့် ရေ၊ မြေ၊ အရင်းအမြစ်များလွယ်ကူခြင်း သဘာဝအတိုင်းရှာဖွေရရှိ နိုင်ခြင်း၊ အားသာချက်များလည်းရှိသည်။

 နေ့စဉ်အစာအာဟာရအတွက်လိုအပ်သည့် သား၊ ငါး၊ ဟင်းသီး ဟင်းရွက်၊ဥအမျိုးမျိုး၊ ပဲအမျိုးမျိုးတို့ကို ကိုယ်တိုင်မွေးမြူစိုက်ပျိုး ထုတ်လုပ်နိုင်ရာ စရိတ်ကုန်ကျမှုသက်သာစွာဖြင့် အာဟာရဓာတ် ပြည့်ဝစွာရရှိနိုင်သည့်  အစားအစာများကိုစားသုံးတတ်ရန်လိုအပ် သည်။

အာဟာရဓာတ်များပြည့်ဝသည့် အစာအုပ်စု ၃ စုတွင် အင်အား ဖြစ်စေသော အစာအုပ်စုတွင် ကစီဓာတ်ရရှိနိုင်သည့် ဆန်၊ဂျုံ၊ ပြောင်းကဲ့သို့သောအနှံများ၊ အာလူး၊ ကန်စွန်းဥ၊ ပိန်းဥတို့ကဲ့သို့ သစ်ဥ၊ သစ်ဖုများ၊ ပျားရည်၊ သကြားကဲ့သို့သော အချိုစာများ၊ အဆီဓာတ်ရရှိနိုင်သည့် သီးနှံဆီနှင့်တိရစ္ဆာန်အဆီများပါဝင်ပြီး ခန္ဓာကိုယ်ကြီးထွားစေသော အစာအုပ်စုတွင် အသားဓာတ်ရရှိနိုင် သည့် သား၊ ငါး၊ နို့၊ ပဲအမျိုးမျိုး၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥစသည်တို့ပါဝင် သည်။

 နေ့စဉ်ထမင်းစားကြရာတွင် အရိုးပါဝါးစားနိုင်သော ငါးကလေး များကို ဟင်းသီးဟင်းရွက်များနှင့်ပါတွဲဖက်စားသုံးခြင်း၊ ငါးကလေး များသည် ဗီတာမင်အေ၊ သံဓာတ်၊ ထုံးဓာတ်၊ ဗီတာမင်ဘီ ၁၂ ကို ကြွယ်ဝစွာပါဝင်ပြီး မိခင်ကိုယ်ဝန်ဆောင်ချိန်မှစ၍ ကလေးအသက် နှစ်နှစ်အထိ ငါးကလေးများကို ပုံမှန်စားသုံးခြင်းဖြင့် အာဟာရချို့တဲ့ မှုကို ကာကွယ်နိုင်ကြောင်း သိရသည်။ ကုလားပဲ၊ ပဲစင်းငုံ၊ စားတော်ပဲ၊ မတ်ပဲ၊ ပဲပုပ်စသည့် ပဲအမျိုးမျိုးသည်အသားစားသည့် နည်းတူ ခန္ဓာကိုယ်ကြီးထွားစေရေးအတွက် အထောက်အကူဖြစ်ရာ ငွေကုန် ကျမှုနည်းပါးစွာဖြင့် စားသုံးနိုင်သည်။

ဝင််ငွေနည်းမိသားစုများသည့် နေ့စဉ်အစားအစာစားသုံးကြရာ တွင် တန်ဖိုးနည်းနည်းနှင့်အာဟာရများများရရှိနိုင်စေရန် စားသုံး တတ်ကြစေလိုကြောင်း။      ။







အခြားဆက်စပ်သတင်းများ