နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်စစ်တပ် လျှို့ဝှက်စက်ရုပ် အာကာသယာဉ် လွှတ်တင်

ဝါရှင်တန် ဒီဇင်ဘာ ၃၀

အမေရိကန်စစ်တပ်၏ လျှို့ဝှက် စက်ရုပ်အာကာသယာဉ် X-37B ကို ဒီဇင်ဘာ ၂၉ ရက်က ဖလော်ရီဒါမှ လွှတ်တင်လိုက်ပြီး ယခုမစ်ရှင်သည် ယခင်ထက် ပိုမြင့်မားသည့်ပတ်လမ်းကို ပို့ဆောင်ပေးနိုင်စွမ်းရှိသည့် SpaceX Falcon Heavy ဒုံးပျံနှင့် ပထမဆုံး လွှတ်တင်နိုင်မှု ဖြစ်ကြောင်း သိရသည်။

ဒုံးပျံအူတိုင် သုံးခုနှင့်အတူ ဖွဲ့စည်း ထားသည့် Falcon Heavy ဒုံးပျံကို ကနာဗရယ်လ်အငူရှိ နာဆာ၏ ကနေဒီ အာကာသစခန်း လွှတ်တင်ရေးစင်မြင့်မှ ညအချိန် လွှတ်တင်လိုက်ခြင်းဖြစ်ပြီး X-37B ကို လွှတ်တင်ပြီးနောက် Falcon ၏ ဘေးပိုင်း အားဖြည့် ကိရိယာများ သည် ကမ္ဘာမြေပေါ်ကို ဘေးကင်းစွာ ပြန်ရောက်ရှိလာကြောင်း သိရသည်။

အမေရိကန်စစ်တပ်၏ အမျိုးသား လုံခြုံရေး အာကာသလွှတ်တင်ရေး အစီအစဉ်အရ X-37B မစ်ရှင်ကို အမေရိကန် အာကာသတပ်ဖွဲ့က ဦးစီးလုပ်ဆောင်ခြင်းဖြစ်ပြီး ပင်တဂွန် ကမူ  X-37B မစ်ရှင်နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက် အနည်း ငယ်ကိုသာ ထုတ်ပြန်ထားသည်။

ယခုပစ်လွှတ်မှုသည် ပြီးခဲ့သည့် နှစ်ပတ်ကျော်ကစ၍ မှားယွင်းမှု၊ နှောင့်နှေးမှုများနှင့် စတင်ခဲ့ကာ ရာသီ ဥတု ဆိုးရွားမှုနှင့် နည်းပညာဆိုင်ရာ ပြဿနာများကြောင့် အစောပိုင်း လွှတ်တင်မှု သုံးကြိမ်ကို ဖျက်သိမ်းခဲ့ရ ကြောင်း သိရသည်။

  (ref:Reuters)






အခြားဆက်စပ်သတင်းများ