နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှားခရီးသည်တင်လေယာဉ် ရေခဲမြစ်ထဲ မှားယွင်းဆင်းသက်

မော်စကို ဒီဇင်ဘာ ၃၀

ရုရှားနိုင်ငံ ပိုလာလေကြောင်း လိုင်းပိုင် ခရီးသည်တင် လေယာဉ် တစ်စင်းသည် နိုင်ငံအရှေ့ဖျားရှိလေဆိပ် တစ်ခုအနီး ရေခဲမြစ်ထဲ မှားယွင်း ဆင်းသက်သွားကြောင်း ဒီဇင်ဘာ ၂၉ ရက် သတင်းများတွင် ဖော်ပြချက်အရ သိရသည်။

ခရီးသည် ၃၀ ဦးတင်ဆောင်လာ သည့် ဆိုဗီယက်ခေတ် An-24 လေယာဉ်သည် လေယာဉ်မှူး အမှား ကြောင့် ယာကူတီအာဒေသရှိ ကိုလီမာ ရေခဲမြစ်ထဲ ဆင်းသက်မိခြင်း ဖြစ်ပြီး ခရီးသည်များနှင့် လေယာဉ်အမှုထမ်း အားလုံး ဘေးကင်းကြောင်း သယ်ယူ ပို့ဆောင်ရေး အာဏာပိုင်များက ပြော သည်။ 

ဇီယန်ကာလေဆိပ်ကို ချဉ်းကပ် လာစဉ် လေယာဉ်အမှုထမ်းများ၏ မှားယွင်းမှုကြောင့် ကိုလီမာမြစ်ပေါ် မတော်တဆ ဆင်းသက်မိခြင်းဖြစ် သည်ဟု  အရှေ့ဆိုက်ဘေးရီးယား သယ်ယူပို့ဆောင်ရေး အစိုးရ ရှေ့နေရုံး က ထုတ်ပြန်ထားသည်။ 

ဇီယန်ကာမြို့၏ အပူချိန်သည် အနုတ် ၃၉ ဒီဂရီ စင်တီဂရိတ်သာ ရှိပြီး ပိုလာလေကြောင်းလိုင်းသည် ဆိုက်ဘေးရီးယားရှိ ဝေးလံခေါင်သီ သည့် မြို့များနှင့်ဒေသများကို ပျံသန်း ပေးနေသော်လည်း လေယာဉ်များကို ပြုပြင်ထိန်းသိမ်းမှု  မလုံလောက်ဘဲ ပျံသန်းနေသည်ဟု ဝေဖန်မှုများ ထွက် ပေါ်လျက်ရှိသည်။             

(ref: AFP)






အခြားဆက်စပ်သတင်းများ