နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မလေးရှားနိုင်ငံအတွင်း တရားမဝင်နေထိုင်သူများကို ဖမ်းဆီးရန် စီမံချက်များ ထပ်မံလုပ်ဆောင်မည်

ကွာလာလမ်ပူ ဒီဇင်ဘာ ၃၀

မလေးရှားနိုင်ငံ ဂျာလန်းဆီ လန်အရပ်တွင် တရားမဝင် နေထိုင် သူများကို စီးနင်းဖမ်းဆီးခဲ့သည့် ပုံသဏ္ဍာန်အတိုင်း နောက်ထပ် ဧရိယာ ၁၀ ခုကို အလားတူ စီမံချက် များ  ထပ်မံလုပ်ဆောင်မည်ဖြစ် ကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၉ ရက်တွင် ပြောသည်။

တရားမဝင်နေထိုင်သူ အုပ်စုများ အများအပြားရှိနေခြင်းသည် ဒေသ တစ်ခုတည်းတွင် မဟုတ်သည့် အတွက် ကျန်နေရာများကိုပါ ဆက်လက် ဖော်ထုတ်ခြင်းဖြစ် ကြောင်း ဒုတိယ ရဲအမှုစစ်အရာရှိချုပ် ဒါတွတ် ဆာရီအယွတ်ခန် မိုင်ဒင်ပစ် ချေးက ပြောသည်။

လက်ရှိတွင် စီမံချက်လုပ်ဆောင် ရန် ဂျိုးဟိုး၊ ကာဒက်ရှ်၊ ကာလန်တန် နှင့် ဆာဘား ပြည်နယ်များကို လျာထားပြီး စီမံချက်များကို အချိန် နှင့် တပြေးညီ လုပ်ဆောင်မည်ဖြစ် ကြောင်း၊ လတ်တလော ထိန်းသိမ်း ခံရသူများကို လူဝင်မှု ကြီးကြပ်ရေး ဌာနများတွင် စစ်ဆေး မေးမြန်းနေ ကြောင်း သိရ သည်။

မလေးရှားတွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၁ ရက်က အကြီးစား စီမံချက် တစ်ခု လုပ်ဆောင်ပြီးနောက် တရားမဝင် နေထိုင်သူပေါင်း ၁,၁၀၁ ဦးကို ထိန်းသိမ်းခဲ့ကာ ယင်း စီမံချက် တွင် ပြည်တွင်းလုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေးဌာန ၏ ထောင်ချီ  သော အထွေထွေစစ်ဆင်ရေး တပ်ဖွဲ့ဝင် များ နှင့်အတူ လဝက၊ အကောက် ခွန်ဌာန နှင့် အစိုးရအေဂျင်စီများလည်း ပူးပေါင်း ပါဝင်ခဲ့ကြောင်း သိရသည်။                               

(ref:CNN)






အခြားဆက်စပ်သတင်းများ