နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေဇုန်သစ်တောအတွင်း မှောင်ခိုရွှေတူးဖော်မှု နှိမ်နင်း

ရီယိုဒီဂျနေးရိုး ဒီဇင်ဘာ ၃၀

ဘရာဇီးနိုင်ငံ အမေဇုန် မိုးသစ်တော အတွင်း တရားမဝင် ရွှေတူးဖော်မှုများကို နှိမ်နင်းရန် ရဲတပ်ဖွဲ့နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးအေဂျင်စီတို့ ပူးပေါင်း စစ်ဆင်ရေး ပြုလုပ်လျက်ရှိကြောင်း သိရသည်။ 

လက်ယာစွန်းသမ္မတ ဘိုလ်ဆွန် နာရိုနေရာကို ဆက်ခံထားသည့် လက်ဝဲဝါဒီသမ္မတ လူလာဒါ ဆေးလ်ဗာ တာဝန်ယူကတည်းက အစိုးရသည် ဌာနေတိုင်းရင်းသားများ၏ သဘာဝ ဝန်းကျင်ကို မထိခိုက်စေရန် တရားမဝင် သတ္တုတွင်းများကို ဖြိုခွင်းလျက်ရှိသည်။

ယခင်အစိုးရလက်ထက်က သဘာဝ ပတ်ဝန်းကျင် ထိန်းချုပ်မှုများကို ဖြေလျှော့ပေးကာ အမေဇုန်တွင် တရားမဝင်သစ်ခုတ်သမားများနှင့် မိုင်းတွင်းလုပ်သားများကို လွတ်လပ်စွာ ခွင့်ပြုပေးထားခြင်းကြောင့် ဝေဖန်ခံနေ ရခြင်းများရှိသဖြင့် ယင်းကို သမ္မတ လူလာက ပြောင်းလဲမည်ဟု ကတိပြု ပြောဆိုသည်။

ရွှေမိုင်းများကြောင့် မြစ်ချောင်း များတွင် ပြဒါးဓာတ်အဆိပ်သင့်စေပြီး ရွှေတူးဖော်မှုများသည် သဘာဝ ဝန်း ကျင်ကို များစွာပျက်စီးစေကာ သုံးပတ် ကြာ စစ်ဆင်ရေးအတွင်း ဘရာဇီး အေးဂျင့်များသည် တောတွင်းရှိ မိုင်း တွင်းနေရာ ၂၀ နှင့် လျှို့ဝှက် လေယာဉ် ကွင်းငယ် ၁၁ ကွင်း၊ ပြဒါး ကီလိုဂရမ် များစွာနှင့် ဒီဇယ်ဆီအမြောက်အမြားကို တွေ့ရှိ ဖျက်ဆီးထားကြောင်း သိရသည်။

                           

(ref: Reuters)






အခြားဆက်စပ်သတင်းများ